ဒိန်ခဲသုံးလွှာကျောက်ကျော နှင့် သရက်သီး ကျောက်ကျောလေး လုပ်ကြည့်ကြမယ်
ဒိန်ခဲ ၃လွှာကျောက်ကျောလေး လုပ်နည်း

ပါဝင်ပစ္စည်းများ
Agar Agar အပြာ ၁ထုပ်၊ ရေ(ရောစပ်မည့်အရာများအပါ) 1500ml၊ သကြား (ထမင်းစားဇွန်းရှည်) ၁၂ဇွန်း၊ နို့စိမ်း ၁ဘူး၊ ချောကလက် ၃ဇွန်း၊ ဒိန်ခဲ(၁ခွက်) 250ml၊ စတော်ဘယ်ရီဖျော်ရည် ၃ဇွန်း(အသီးအစစ်ဆိုပိုကောင်း)၊ ဆား အနည်းငယ်
ကျောက်ကျော၁ထုပ် ကို ၃ပုံခွဲထားပါ။ပထမနို့စိမ်းအလွှာ အတွက်နို့စိမ်း၁ဘူးအပါအဝင် ရေ 500ml ထည့်ပါ။ဆားအနည်းငယ် သကြားထမင်းစားဇွန်း၄ဇွန်းထည့်ပါအချိုကြိုက်ရင်ပိုထည့်ပါ။မီးဖိုပေါ်တင်ပြီး ကြိုပါ။ဆူလျှင် ကျောက်ကျောမှုန့်ထည့်ပြီး ၁၀မိနစ်ခန့် ကြိုပါ။ပြီးလျှင်ဗန်းထဲလောင်းချပြီးအအေးခံပါ။
ဒုတိယ ချောကလက် အလွှာအတွက်ချောကလက်မှုန့်(သို့)ချောကလက်အပျစ်ကိုသုံးပါ ၃ဇွန်းခန့်ထည့်ပြီး သကြား ၄ဇွန်း ရေ 500mlထည့်ပြီးကြိုပါ။ဆူလျှင် ကျောကျောမှုန့်ထည့်ပြီး၁၀မိနစ်ခန့်ကြိုကာ အအေးခံထားသောပထမလွှာပေါ်သို့လောင်းချပါ။

တတိယဒိန်ခဲ -ဒိန်ခဲ၊စတော်ဘယ်ရီ(ဖျော်ရည်)အပါအဝင်ရေ500ml ကို သကြား၄ဇွန်း ဆားအနည်းငယ်ဖြင့်ဖျော်၍ကြိုပါ။ဆူလာလျှင် ကျောက်ကျောမှုန့်ထည့်ပြီး၁၀မိနစ်ခန့်ကြိုကာအအေးခံထားသောအပေါ်သို့လောင်းချ၍ထပ်အအေးခံကာအနည်းငယ်အေးလျှင်ရေခဲသေတ္တာထဲသို့ ပြောင်းထည့်ပါ။သကြားကိုကြိုက်နှစ်သက်သောအချိုးအစားအတိုင်းထည့်ပါ။အချိုကြိုက်လျှင် ပိုထည့်ပါ။

သရက်သီးကျောက်ကျော ပြုလုပ်နည်း
ကျောက်ကျော 25gကိုရေနို့ဆီဘူး၆ဘူးပါ၊အောက်ခံအလွှာအတွက် ကျောက်ကျော25g တွက်နို့စိမ်း၂ဘူးနဲ့ရေပေါင်းပြီးရေ၆ဘူး၊သကြား ၂၀သားခန့်၊ ဆားအနည်းငယ်အားလုံးထည့်မွှေပြီးအရသာမြည်းပါအချိုလိုလျှင်သကြားထည့်ပါ၊ မီးဖိုပေါ်တင်ပြီးဆက်တိုက်မွှေပါဆူပွက်လာလျှင်အောက်ခံကိုလောင်းပါ အအေးခံပါ၊

အပေါ်သရက်သီးအတွက်သရက်သီးအရည်ရအောင်ကြိတ်ပါသရက်ရည်အပါအဝင်ရေ ၆ဘူး၊ ဆား၊ကျောက်ကျော25g ထည့်မွှေပါအချိုကိုလိုမှသကြားထည့်ပါ သရက်သီး၏ သဘာဝအချိုရှိလို့ပါ ဆူပွက်လားပြီးသံပုရာသီးတစ်ခြမ်းညှစ်ပါ နို့စိမ်းအလွှာကအပေါ်ယံခဲပါကသရက်သီးကိုဇွန်းဖြင့်ဖြေးဖြေးလောင်းပါ သွန်လိုက်ချလိုက်ပါက နို့နဲ့ရောသွားတတ်လို့ပါ၊ အေးခဲလာပြီဆိုပါက မိမိနှစ်သက်သလို အတုံးလေးတွေလှီးလို့ရပါပြီ
