ကချင်ပြည်နယ်က မြို့နယ်အချို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်နားရောက်ရှိ

ဧရာဝတီမြစ်ရေဟာမြစ်ရဲ့ အထက်ပိုင်းမြို့နယ်အချို့မှာစိုးရိမ်ရေမှတ်အနားကိုရောက်နေတယ်လို့သိရပါတယ်။ဧရာဝတီမြစ်ရဲ့အထက်ပိုင်းကချင်ပြည်နယ်ဗန်းမော်၊ ရွှေကူ စတဲ့မြို့နယ်တွေမှာမြစ်ရေမြင့်တက်လာပြီးစိုးရိမ်ရေမှတ်အနားကိုရောက်နေတာဖြစ်တယ်လို့သိရပါတယ်။




အဲ့ဒီမြို့နယ်တွေမှာအနိမ့်ပိုင်း ရေဝင်တဲ့နေရာတွေက လူနေအိမ်တွေကို မနေ့ကစပြီးတော့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မြစ်ကမ်းဘေးကကျေးရွာတွေကိုလည်းလိုက်လံသတိပေးတာတွေ၊ကူညီကယ်ဆယ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။




မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကလည်း “မြစ်ရေကြီးခြင်းသတိပေးချက်” ကို ထုတ်ပြန်ထားပြီးဗန်းမော် မြို့မှာ ဧရာဝတီမြစ်ရေဟာနောက် သုံးရက်အတွင်းမှာစိုးရိမ်ရေမှတ်ကိုရောက်မှာဖြစ်ပြီးတော့ မြစ်ကမ်းပါးနဲ့ အနိမ့်ပိုင်းတွေမှာနေတဲ့သူတွေသတိထားဖို့ ထုတ်ပြန်ထားပါတယ်။




Zawgyicode

