နေ့စဥ်ပြုလုပ်လျှက်ရှိတဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်သည့်အခါ မဖြစ်မနေသတိထားရမည့်အချက်များ

နေ့စဥ်ပြုလုပ်လျှက်ရှိတဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်သည့်အခါ မဖြစ်မနေသတိထားရမည့်အချက်များ

တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်ပြီးငယ်စဉ်ကတည်းကလုပ်နေကြပေမယ့် ကိုယ်လုပ်နေတဲ့အရာတွေကမှားနေတယ်လို့ပြောရင်တောင်လက်မခံချင်ကြပါဘူး။ဒါပေမဲ့လည်းရိုးရှင်းပေမယ့်မှားယွင်းနေတာကိုသိရင်တော့ ပြုပြင်သင့်ပါတယ်နော်။

ဘယ်အရာတွေကမှားနေတာလဲဆိုတာကိုအကြံပြုချင်ပါတယ်။

(၁) Pad ကို တစ်နေကုန်ဝတ်ခြင်း

မိန်းကလေးတွေမှာတစ်လတစ်ခါ ဓမ္မတာလာတတ်ကြပါတယ်။တစ်ခုကတော့ Pad ကိုတစ်နေကုန်ဝတ်ထားပြီးအသစ်ကိုဘယ်နှစ်နာရီမှာလဲတတ်ပါသလဲ။အမှန်ကတော့ ရာသီလာချိန်မှာဂွမ်းထုပ်ကိုအများဆုံး ၄ နာရီခြားတစ်ခါလဲပေးသင့်ပါတယ်။ ၄ နာရီလောက်ထိမနေနိုင်ရင် ၂ နာရီခြားတစ်ခါလဲပေးတာက ကောင်းပါတယ်။ရာသီခွင်ကိုအကြံပြုထားတာကတော့ ၄ နာရီမှ ၆ နာရီထိပဲဖြစ်ပါတယ်။

(၂) အရေပြားကိုနေ့စဉ်သန့်စင်ပေးပါ

အရေပြားကိုတစ်ပတ်မှတစ်ကြိမ်သန့်စင်ပေးတာက အရေပြားကိုခြောက်သွေ့ပြီးယားယံစေပါတယ်။ ရေချိုးခန်းထဲမှာရှိတဲ့ကိုယ်တိုက်တဲ့ဘရပ်ချ်နဲ့ပွတ်ပြီးတိုက်ပေးတာကအသားအရေကိုတင်းစေပါတယ်။ ဒါကြောင့်ရေချိုးခန်းသုံးဆပ်ပြာတိုက်တဲ့ဘရပ်ချ်နဲ့ တစ်ပတ်ကိုနှစ်ကြိမ်လောက်သာအသုံးပြုပေးသင့်ပါတယ်။

(၃) ဘွတ်ဖိနပ်ထဲကလျှာကိုတစ်နှစ်လျှင်နှစ်ကြိမ်လောက်လဲပေးပါ

ဘွတ်ဖိနပ်ကိုပူတဲ့ ရာသီဥတုဖြစ်စေအေးတဲ့ရာသီဥတုဖြစ်စေအလုပ်နဲ့အဆင်ပြေအောင်စီးကြပါတယ်။ သို့ပေမယ့် ဖိနပ်ထဲမှာ ရှိတဲ့လျှာကိုလျှော်ပေးတာ၊အသစ်လဲပေးတာတွေလုပ်သင့်ပါတယ်နော်။ မလဲဘဲထားတာ၊ မလျှော်ဘဲထားတာတွေကအနံ့ဆိုးတွေထွက်စေတဲ့အပြင်

ဘက်တီးရီးယားတွေကြောင့် ယားတတ်ပါတယ်။ တစ်ခုသတိထားရမှာကဘွတ်ဖိနပ်စီးရင်ခြေအိပ်မပါဘဲဖိနပ်စီးတာကကျန်းမာရေးနဲ့ မညီညွတ်တာကြောင့်သတိထားဖို့ လိုအပ်ပါတယ်။

(၄) ချိုင်းမွှေးမရိတ်ပါနဲ့

မုတ်ဆိတ်ရိပ်တဲ့အခါချိုင်းမွှေးတွေကိုတွေကိုလည်းဖယ်ရှားဖို့လိုအပ်ပါတယ်။ချိုင်းမွှေးကိုရိတ်ခြင်းကပိုပြီးအထွက်များစေပါတယ်။ဒါကြောင့်ရိတ်တာထက် wax နဲ့ ဖယ်ရှားတာ၊ဆေးနဲ့ဖယ်ရှားတာတွေလုပ်ပေးလို့ရပါတယ်။

ပြီးနောက် Body Scrub ကိုပါ အသုံးပြုပေးပါ။ ချိုင်းနေရာက အရေပြားတွေက နူးညံတာကြောင့် မျက်နှာသန့်စင်ဆေးကိုအသုံးပြုပေးလို့ရပါတယ်။

(၅) မျက်နှာသစ်ဘက်တီးရီးယား၊ ပိုးသတ်ဆေးအများအပြားပါဝင်တဲ့ဆပ်ပြာတွေကိုရှောင်ပါ

ပိုဈေးများတာကပိုကောင်းတယ်လို့မဆိုလိုပါဘူး။ ကိုယ့်အသားအရေးနဲ့သင့်တော်တဲ့ဟာကမှသာလျှင် ကိုယ်နဲ့အဆင်ပြေမှာဖြစ်ပါတယ်။အသားအရေကို ခြောက်သွေ့စေပြီး ယားယံစေတဲ့မျက်နှာသန့်စင်ဆေးတွေကိုရှောင်တာကကျန်းမရေးနဲ့ပိုညီညွတ်ပါတယ်။

ဘက်တီးရီးယား၊ ပိုးသတ်ဆေးတွေ အများအပြားပါဝင်ခြင်း၊ကြမ်းတမ်းတဲ့ဆပ်ပြာတွေကိုရှောင်ပေးပါ။ အချို့ဆပ်ပြာများတွင် ပဋိဇီဝပိုးသတ်ဆေးကအရေပြားကိုရေဓာတ်ဖြည့်ပေးပြီးအဆီပြန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်နဲ့သင့်တော်တဲ့ဆပ်ပြာမျိုးကိုရွေးချယ်သင့်ပါတယ်နော်။

(၆) လက်ကိုဖြစ်သလို မဆေးပါနဲ့ ဆပ်ပြာနဲ့ ဆေးပါ

တစ်ခါတစ်ရံမှာလူတွေက အပျင်းထူတတ်ကြပါတယ်။ လက်ကိုဆပ်ပြာနဲ့ဆေးပါလို့ သတိပေးထားပေမယ့် ဆပ်ပြာမပါဘဲဆေးလိုက်ကြတာများပါတယ်။ဘာကြောင့်ဘက်တီးရီးယားပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကိုအသုံးပြုရတာလဲဆိုတော့ထုတ်လုပ်သူတွေကပစ္စည်းတွေကိုနေ့စဉ်အသုံးပြုရန်နှင့်အချိန်ကြာမြင့်စွာ ဘေးကင်းမှုကို သက်သေမပြနိုင်ကြပါဘူး။

ဒါကြောင့် ရိုးရိုးဆပ်ပြာထက် ဘက်တီးရီးယားပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကိုအသုံးပြုခြင်းက သင့်ကျန်းမာရေးကို တစ်ဖက်တစ်လှမ်းကကာကွယ်ပေးတာကြောင့် လက်ကို ဖြစ်သလိုမဆေးပါနဲ့။ ဘက်တီးရီးယားပိုးသတ်ဆေးပါတဲ့ဆပ်ပြာကို အသုံးပြုတာကကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

(၇) သွားတိုက်တာကို အနည်းငယ်ဖိတိုက်ပါ

သွားတွေကိုအတင်းဖိအားထက်ပိုဖိတိုက်ခြင်း(သို့) ၂ မိနစ်ထက်ပိုကြာအောင်တိုက်ခြင်းက သွားတွေကို ပိုသန့်ရှင်းစေတာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်ကြာကြာတိုက်တာထက်အနည်းငယ်ဖိအားလေးနဲ့ တိုက်ပေးခြင်းကသွားကြားမှာရှိတဲ့ အညစ်အကြေးတွေကိုပျောက်အောင်တိုက်ပေးတာဖြစ်သလိုသွားတွေကိုပိုကျန်းမာစေတာဖြစ်ပါတယ်။

ref: Body Hygiene

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *