ခန္တီးမြို့နှင့် ဟုမ္မလင်း မှာမီတာခတွေရုတ်တရက်မြင့်တက်သွား
ခန္တီးမြို့နှင့် ဟုမ္မလင်း မှာမီတာခတွေရုတ်တရက်မြင့်တက်သွား
စစ်ကိုင်းတိုင်းချင်းတွင်းမြစ်ဖျားကခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာလျှပ်စစ်မီတာယူနစ်စျေးနူန်းတွေ ရုတ်တရက် မြင့်တက်လာနေတယ်လို့ လျှပ်စစ်ဓာတတ်အားသုံးစွဲသူတွေဆီကသိရပါတယ်။” ခန္တီးမြို့မှာက မီတာ ၁ ယူနစ်ကိုအရင်က ၈၁၅ ကျပ်ဖြစ်တယ်၊
အခုစျေးတက်သွားတော့ ၁၀၉၀ ကျပ် ပေးရတယ်၊ဟုမ္မလင်းမြို့မှာကမီတာ ၁ ယူနစ်ကိုအရင်စျေးက ၁၁၂၀ ၊အခုစျေးက ၁၂၅၀ ဖြစ်တယ် “လို့ လျှပ်စစ်မီတာသုံးစွဲသူတယောက်ကပြောပါတယ်။လျှပ်စစ်မီတာခတွေစျေးနူန်းမြင့်တက်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးခန္တီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး တာဝန်ရှိသူတဦးက
” ခန္တီးမြို့နဲ့ဟုမ္မလင်းမြို့တွေရဲ့လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေးလုပ်ငန်းတွေဟာဒီဇယ်ဆီသုံးအင်ဂျင်စက်ကြီးတွေနဲ့အချိန်ပိုင်းဖြန့်ဝေပေးတဲ့စနစ်ဖြစ်တယ် ၊စက်သုံးဆီစျေးနူန်းမြင့်တက်လာတဲ့အတွက်ကြောင့်ယူနစ်စျေးတွေမဖြစ်မနေတက်ရတာပါ၊
ခန္တီးမြို့မှာကမြန်မာ့လျှပ်စစ်စွမ်းအင်ဌာနနဲ့ ရွှေထွန်းတောက်လျှပ်စစ်ဖြန့်ဖြူးရေးတို့ကပေးတယ်၊ဟုမ္မလင်းမြို့မှာကဖိုးသီးချိုလျှပ်စစ်ပေးရေးကပေးတယ်၊လျှပ်စစ်အသုံးပြုနိုင်တဲ့လူတန်းစားကအလွန်နည်းသေးတယ်၊ ၂၀ ရာခိုင်နူန်းဝန်းကျင်ပဲ ရှိတာ ” လို့ ပြောပါတယ်။
ဟုမ္မလင်းမြို့ နဲ့ ခန္တီးမြို့ကလျှပ်စစ်ဓာတ်အားပေးအင်ဂျင်စက်ကြီးတွေလည်ပတ်နိုင်ဖို့အတွက်လိုအပ်ချက်ဖြစ်တဲ့စက်သုံးဆီတွေကိုမုံရွာမြို့ကနေရေလမ်း၊ကုန်းလမ်းကြောင်းတွေကနေသယ်ယူပို့ဆောင်ရတာ ဖြစ်ပါတယ်။
အဲ့ဒီလို စက်သုံးဆီတွေ သယ်ယူပို့ဆောင်တဲ့ လမ်းတွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကစလို့ တိုက်ပွဲဖြစ်တာတွေ ၊ လုယက်ဓားပြတိုက်တာတွေ ဖြစ်ပွားလာတဲ့အတွက် ခန္တီးနဲ့ ဟုမ္မလင်းဘက်တွေမှာ စက်သုံးဆီနဲ့ အခြား လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး လျှပ်စစ် မီတာခတွေ စျေးနူန်းမြင့်တက်လာတာလို့ သိရပါတယ်။
unicode
အခုဈေးတက်သွားတော့ ၁၀၉၀ ကျပ် ပေးရတယ်၊ဟုမ္မလင်းမြို့မှာကမီတာ ၁ ယူနစ်ကိုအရင်ဈေးက ၁၁၂၀ ၊အခုဈေးက ၁၂၅၀ ဖြစ်တယ် “လို့ လျှပ်စစ်မီတာသုံးစွဲသူတယောက်ကပြောပါတယ်။လျှပ်စစ်မီတာခတွေဈေးနူန်းမြင့်တက်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးခန္တီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး တာဝန်ရှိသူတဦးက
” ခန္တီးမြို့နဲ့ဟုမ္မလင်းမြို့တွေရဲ့လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေးလုပ်ငန်းတွေဟာဒီဇယ်ဆီသုံးအင်ဂျင်စက်ကြီးတွေနဲ့အချိန်ပိုင်းဖြန့်ဝေပေးတဲ့စနစ်ဖြစ်တယ် ၊စက်သုံးဆီဈေးနူန်းမြင့်တက်လာတဲ့အတွက်ကြောင့်ယူနစ်ဈေးတွေမဖြစ်မနေတက်ရတာပါ၊
အဲ့ဒီလို စက်သုံးဆီတွေ သယ်ယူပို့ဆောင်တဲ့ လမ်းတွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကစလို့ တိုက်ပွဲဖြစ်တာတွေ ၊ လုယက်ဓားပြတိုက်တာတွေ ဖြစ်ပွားလာတဲ့အတွက် ခန္တီးနဲ့ ဟုမ္မလင်းဘက်တွေမှာ စက်သုံးဆီနဲ့ အခြား လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး လျှပ်စစ် မီတာခတွေ ဈေးနူန်းမြင့်တက်လာတာလို့ သိရပါတယ်။
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *