လေဆိပ်မှာစောင့်ကြိုနေတဲ့ ပရိတ်သတ်တွေနဲ့သတင်းထောက်တွေကိုအချိန်ပေးပြီးကြင်ကြင်နာနာနဲနှုတ်ဆက်ခဲ့တဲ့ ဟောလီးဝုဒ်စူပါစတားမင်းသား တွန်ခရုဇ်

လေဆိပ်မှာစောင့်ကြိုနေတဲ့ ပရိတ်သတ်တွေနဲ့သတင်းထောက်တွေကိုအချိန်ပေးပြီးကြင်ကြင်နာနာနဲနှုတ်ဆက်ခဲ့တဲ့ ဟောလီးဝုဒ်စူပါစတားမင်းသား တွန်ခရုဇ်

ဟောလီးဝုဒ်စူပါစတား မင်းသားတွန်ခရုဇ်ဟာ Top Gun: Maverick ရုပ်ရှင်ကိုပရိုမိုးရှင်းလုပ်ဖို့ အတွက် တောင်ကိုရီးယားကို ဇွန်လ ၁၇ ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်။လေဆိပ်မှာမင်းသားကို စောင့်ဆိုင်း နေကြတဲ့သတင်းထောက်တွေအပါအဝင်

ရာနဲ့ချီ ပရိသတ်တွေအများအပြားက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြိတ်ကြိတ်တိုးဖြစ်ခဲ့ပါတယ်။အဲ့ဒီမှာကမ္ဘာကျော်မင်းသားကသူနဲ့ အတူဓာတ်ပုံရိုက်ကူးချင်တဲ့ပရိသတ်တွေအတွက် fan service ကိုပေးတဲ့အခါ နှုတ်ဆက်ဖို့ ၇ မိနစ်- ၈ မိနစ်ကြာအချိန်ပေးခဲ့ပြီး

ကြီးမားတဲ့ကြင်နာနွေးထွေးခြင်းကိုပြသခဲ့တယ်လို့သိရပါတယ်။မင်းသားထွက်လာတဲ့ အခိုက်အတန့်မှာ ကြိုဆိုနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေကဝမ်းသာပျော်ရွှင်မှုတွေနဲ့အော်ဟစ်ကြိုဆိုခဲ့ကြကာသူဟာကားဆီကိုတည့်တည့်သွားရမယ့်အစား ဓာတ်ပုံရိုက်ဖို့ ပရိသတ်တွေဆီ ချဉ်းကပ်ခဲ့ပါတယ်။

သက်တော်စောင့်တွေရောက်ရှိလာကာပရိသတ်တွေကိုပိတ်ဆို့လိုက်တဲ့အခါမင်းသားဟာတားမြစ်တာမလုပ်ဖို့နဲ့ လွတ်လပ်စွာ ဓာတ်ပုံရိုက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကာ သူ့ရဲ့ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ အချိန်ပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အသားရောင် တီရှပ်နဲ့ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီ ဝတ်ဆင်ထားတဲ့ မင်းသားဟာနေကာမျက်နှာတပ်ထားလျက်ပရိသတ်တွေဆီ အပြုံးနဲ့ လက်ပြနှုတ်ဆက်ရင်း အသည်းပုံစံ လက်အမူအရာပုံစံလေးကိုလည်း လုပ်ပြခဲ့သေးတယ်လို့ သိရပါတယ်။Kbizoom သတင်းရဲ့ ရေးသားဖော်ပြချက်အရ

မင်းသားက သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ တောင်ကိုးရီးယား ဂျင်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ညနေ ၄ နာရီ မိနစ် ၃၀ ဝန်းကျင်မှာ ရောက်ရှိလာခဲ့ပြီး Top Gun: Maverick ရုပ်ရှင်အတွက် သရုပ်ဆောင်ရဲ့ တစ်စိတ်တစ်ပိုင်း ပရိုမိုးရှင်းလုပ်ပေးဖို့ အစီအစဉ်ဖြစ်တယ်လို့သိရပါတယ်။

Mission Impossible မင်းသားရဲ့ Top Gun: Maverick ရုပ်ရှင်ဟာ လာမယ့် ဇွန်လ ၂၂ ရက်နေ့ တောင်ကိုရီးယားမှာရုံတင်ပြသဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

Zawgyi

ေလဆိပ္မွာေစာင့္ႀကိဳေနတဲ့ ပရိတ္သတ္ေတြနဲ႔သတင္းေထာက္ေတြကိုအခ်ိန္ေပးၿပီးၾကင္ၾကင္နာနာနဲႏႈတ္ဆက္ခဲ့တဲ့ ေဟာလီးဝုဒ္စူပါစတားမင္းသား တြန္ခ႐ုဇ္

ေဟာလီးဝုဒ္စူပါစတား မင္းသားတြန္ခ႐ုဇ္ဟာ Top Gun: Maverick ႐ုပ္ရွင္ကိုပ႐ိုမိုးရွင္းလုပ္ဖို႔ အတြက္ ေတာင္ကိုရီးယားကို ဇြန္လ ၁၇ ရက္ေန႔မွာေရာက္ရွိလာခဲ့ပါတယ္။ေလဆိပ္မွာမင္းသားကို ေစာင့္ဆိုင္း ေနၾကတဲ့သတင္းေထာက္ေတြအပါအဝင္

ရာနဲ႔ခ်ီ ပရိသတ္ေတြအမ်ားအျပားက အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ႀကိတ္ႀကိတ္တိုးျဖစ္ခဲ့ပါတယ္။အဲ့ဒီမွာကမာၻေက်ာ္မင္းသားကသူနဲ႔ အတူဓာတ္ပုံ႐ိုက္ကူးခ်င္တဲ့ပရိသတ္ေတြအတြက္ fan service ကိုေပးတဲ့အခါ ႏႈတ္ဆက္ဖို႔ ၇ မိနစ္- ၈ မိနစ္ၾကာအခ်ိန္ေပးခဲ့ၿပီး

ႀကီးမားတဲ့ၾကင္နာေႏြးေထြးျခင္းကိုျပသခဲ့တယ္လို႔သိရပါတယ္။မင္းသားထြက္လာတဲ့ အခိုက္အတန႔္မွာ ႀကိဳဆိုႏႈတ္ဆက္ဖို႔ ေစာင့္ဆိုင္းေနၾကတဲ့ ပရိသတ္ေတြကဝမ္းသာေပ်ာ္႐ႊင္မႈေတြနဲ႔ေအာ္ဟစ္ႀကိဳဆိုခဲ့ၾကကာသူဟာကားဆီကိုတည့္တည့္သြားရမယ့္အစား ဓာတ္ပုံ႐ိုက္ဖို႔ ပရိသတ္ေတြဆီ ခ်ဥ္းကပ္ခဲ့ပါတယ္။

photo by Newsis

သက္ေတာ္ေစာင့္ေတြေရာက္ရွိလာကာပရိသတ္ေတြကိုပိတ္ဆို႔လိုက္တဲ့အခါမင္းသားဟာတားျမစ္တာမလုပ္ဖို႔နဲ႔ လြတ္လပ္စြာ ဓာတ္ပုံ႐ိုက္ခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့ကာ သူ႔ရဲ႕ပရိသတ္ေတြနဲ႔ ဆက္သြယ္ဖို႔ အခ်ိန္ေပးဖို႔ကိုလည္း ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

အသားေရာင္ တီရွပ္နဲ႔ ေပါ့ေပါ့ပါးပါး ဂ်င္းေဘာင္းဘီ ဝတ္ဆင္ထားတဲ့ မင္းသားဟာေနကာမ်က္ႏွာတပ္ထားလ်က္ပရိသတ္ေတြဆီ အၿပဳံးနဲ႔ လက္ျပႏႈတ္ဆက္ရင္း အသည္းပုံစံ လက္အမူအရာပုံစံေလးကိုလည္း လုပ္ျပခဲ့ေသးတယ္လို႔ သိရပါတယ္။Kbizoom သတင္းရဲ႕ ေရးသားေဖာ္ျပခ်က္အရ

မင္းသားက သူ႔ရဲ႕ ကိုယ္ပိုင္ေလယာဥ္နဲ႔ ေတာင္ကိုးရီးယား ဂ်င္ပိုအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ညေန ၄ နာရီ မိနစ္ ၃၀ ဝန္းက်င္မွာ ေရာက္ရွိလာခဲ့ၿပီး Top Gun: Maverick ႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္ရဲ႕ တစ္စိတ္တစ္ပိုင္း ပ႐ိုမိုးရွင္းလုပ္ေပးဖို႔ အစီအစဥ္ျဖစ္တယ္လို႔သိရပါတယ္။

Mission Impossible မင္းသားရဲ႕ Top Gun: Maverick ႐ုပ္ရွင္ဟာ လာမယ့္ ဇြန္လ ၂၂ ရက္ေန႔ ေတာင္ကိုရီးယားမွာ႐ုံတင္ျပသဖို႔ စီစဥ္ထားတာလည္း ျဖစ္ပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *