မနက်အာရုဏ်တက်ချိန်နှင့်နေဝင်ချိန်တွေမှာဖြာထွက်လာတဲ့အလင်းတန်းတွေရဲ့နောက်ကွယ်ကအကြောင်း

မနက်အာရုဏ်တက်ချိန်နှင့်နေဝင်ချိန်တွေမှာဖြာထွက်လာတဲ့အလင်းတန်းတွေရဲ့နောက်ကွယ်ကအကြောင်း

ညနေနေဝင်ချိန် အနောက်ဖက် မိုးကောင်းကင်ကို ကြည့်ကြည့်လိုက်ရင်နေရဲ့အလင်းတန်းတွေလှပစွာ ဖြာထွက်လာတာကိုတွေ့ကြရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီအလင်းတန်းတွေဘာ့ကြောင့် ဖြစ်လာတာလဲ၊ဘယ်လိုဖြစ်လာတာလဲ​၊

ဒီအလင်းတန်းတွေရဲ့နောက်ကွယ်ကရူပဗေဒသဘောတရားတွေကဘာတွေလဲဆိုတဲ့မေးခွန်းတွေကို စဉ်းစားမိတဲ့သူဘယ်နှစ်ယောက်ရှိမယ်ထင်ပါသလဲ။ဒီလိုနေရဲ့ အလင်းတန်းတွေဖြာထွက်လာတာကိုညနေနေဝင်ချိန်မှ မဟုတ်ပါဘူး၊မနက်ခင်းနေထွက်စအချိန်မျိုးမှာလဲတွေ့ရတတ်ပါတယ်။

ဒီ အလင်းတန်းတွေကိုသိပ္ပံမှာတော့ crepuscular rays တွေလို့ ခေါ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့နေရောင်ခြည်တန်း (Sunbeam) ဆိုတဲ့ အရပ်အသုံးအနှုန်းကိုပဲသုံးစွဲသွားမှာဖြစ်ပါတယ်။နေရောင်ခြည်တန်းတွေဘယ်လိုဖြစ်လာသလဲဒီလို နေရောင်ခြည်တန်းတွေ ဖြစ်ဖို့အခြေခံလိုအပ်ချက်နှစ်ချက်လိုအပ်ပါတယ်။

မိုးကုပ်စက်ဝိုင်းနား ကပ်နေတဲ့နေနေနဲ့သင့်အကြား (နေနဲ့ ကြည့်ရှုသူ အကြား)ခံနေတဲ့ ကြီးမားတဲ့ အရာဝတ္ထုမနက်စောစောနေမထွက်မီအချိန်နဲ့ ညနေနေဝင်ပြီးစအချိန်တွေမှာနေဟာမိုးကုတ်စက်ဝိုင်းရဲ့ နားလေးမှာရှိနေပါတယ်။

အလင်းရောင်တွေဟာနေကနေအပြင်ဖက်ကို ဖျာပြီး ထွက်လာတာဖြစ်ပါတယ်။ဒီတော့ဒီအချိန်မှာ နေနဲ့ ကျွန်တော်တို့ အကြားမှာအရာဝတ္ထု ကြီးကြီးမားမားတစ်ခု ရှိနေမယ်ဆိုဒီ အရာဝတ္ထုကနေရဲ့ရောင်ခြည်တွေလာရာလမ်းကိုကာဆီးနေတာမို့သူ့ရဲ့ အရိပ်ထွက်လာပါတယ်။

ဒီလို အရိပ် ခံနေတဲ့အတွက်ဒီအရိပ်ကိုကျွန်တော်တို့ကမြင်ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘေးကအတားအဆီးပဲဖြတ်သန်းလာတဲ့နေရောင်ခြည်တန်းတွေကြောင့်ကျွန်တော်တို့ကဒီအရိပ်ကို မမြင်ပဲနေရောင်ခြည်ကိုအလင်းတန်းတွေအနေနဲ့ မြင်ကြရတာဖြစ်ပါတယ်။

ဒီလို အလင်းတန်းတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ ထွက်လာတဲ့ အရောင်ဟာ အဲ့သည်အချိန် လေထုထဲမှာ ရှိနေတဲ့ ဖုန်မှုံ့ နဲ့ အခြား အမှုန်အမွှားတွေ ကြောင့်လဲ ပြောင်းသွားနိုင်ပါတယ်။လေထုထဲကဖုန်မှုန့်တွေဟာနေကအလင်းရောင်ကို အရပ်မျက်နှာအဖက်ဖက်ကို ပြန့်နှံ့သွားစေတာမို့ပါ။

အများအား ဖြင့်တော့အပြာရောင်ကပြန့်သွားတဲ့အတွက်ကျန်ခဲ့တဲ့အနီနဲ့လိမ္မော်ရောင်ကိုပဲနေရဲ့အလင်းရောင် အနေနဲ့ မြင်ကြရတာ ဖြစ်ပါတယ်။

ကိုးကား:နေထွက်ချိန်နဲ့ နေဝင်ချိန်တွေမှာ နေရောင်ခြည်ကို ဘာက ဖြစ်စေတာလဲ? ဆိုတဲ့ဆောင်းပါးမှထုတ်နုတ်ထားပါသည်။မူးရင်းရေးသားသူအားလေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *