တစ်ပြည်နယ်လုံး၏ Top-(1) မြန်မာတနိုင်ငံလုံး၏ Top-(6)ရသည့်အပြင်နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲမှာပါလက်ရွေးစင်အဖြစ်ရပ်တည်နေတဲ့ခြောက်ဘာသာဂုဏ်ထူးရှင်လေး

လူငယ်စစ်တုရင်လက်ရွေးစင် ပန်းပြည့်သခင် ဘာသာစုံဂုဏ်ထူးထွက်ပြီး မွန်ပြည်နယ်မှာ ပထမ ရရှိကာ မြန်မာတစ်နိုင်ငံလုံးအဆင့် ၆ အဖြစ်ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံရဲ့လူငယ်စစ်တုရင် လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်တဲ့မပန်းပြည့်သခင်ဟာ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီးတော့ မွန်ပြည်နယ်ရဲ့ အမှတ်အများဆုံး ပထမ ရရှိခဲ့တယ်လို့ သိရပါတယ်။




မပန်းပြည့်သခင်ဟာ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရမှတ် ၅၅၁ နဲ့ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့်(၆) ရရှိခဲ့တာဖြစ်ပါတယ်။သူဟာမြန်မာ့စစ်တုရင်ရဲ့လူငယ်လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး နိုင်ငံတကာမှာမြန်မာကိုယ်စားပြုစစ်တုရင်ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်တယ်လို့ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဆီကသိရပါတယ်။




မပန်းပြည့်သခင်ဟာ မော်လမြိုင်မြို့၊ ရွှေမြိုင် ကိုယ်ပိုင်အထက်တန်းကျောင်းကဖြစ်ပြီး အထက ၁၂ မော်လမြိုင်စာစစ်ဌာနကနေ ဝင်ရောက်ဖြေဆိုခဲ့သူဖြစ်ပါတယ်။မပန်းပြည့်သခင်ဟာ မော်လမြိုင်မြို့မှ ဦးကျော်ကျော်အောင်နဲ့ ဒေါ်ထားထားနွယ်တို့၏သမီးဖြစ်ပါတယ်။
ခြောက်ဘာသာဂုဏ်ထူးရှင်မွန်ပြည်နယ် တပြည်နယ်လုံး၏ Top-(1) မြန်မာတနိုင်ငံလုံး၏ Top-(6) ဆိုသူ မပန်းပြည့်သခင်(ခ)မချစ်ရေစင်သည်ပညာရေးတွင်ထူးချွန်ယုံတင်မကပဲမြန်မာနိုင်ငံကိုယ်စားပြုပြီး




နိုင်ငံတကာတွင်သွားရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာ့စစ်တုရင်လူငယ်လက်ရွေးစဥ်တယောက်ဖြစ်ကြောင်းကြားသိရတဲ့မပန်းပြည့်သခင်အတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်နော်..
မွန်ပြည်နယ်တပြည်နယ်လုံး၏ Top-(1) မြန်မာတနိုင်ငံလုံး၏ Top-(6)ရသည့်အပြင်နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲမှာပါလက်ရွေးစင်အဖြစ်ရပ်တည်နေတဲ့ခြောက်ဘာသာဂုဏ်ထူးရှင်လေး


