လောင်စာဆီပမာဏ (၅)ရက်စာသာကျန်တော့တဲ့ သီရိလင်္ကာနိုင်ငံ

လောင်စာဆီပမာဏ (၅)ရက်စာသာကျန်တော့တဲ့ သီရိလင်္ကာနိုင်ငံ

သီရိလင်္ကာရဲ့လောင်စာဆီပမာဏဟာနောက်ထပ်ငါးရက်စာအတွက်ပဲကျန်ရှိတော့ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးကပြောကြားပါတယ်။

နိုင်ငံတစ်ဝန်း ဓာတ်ဆီဆိုင်တွေမှာလူအများတန်းစီးပြီး အချိန်အကြာကြီးစောင့်ဝယ်ယူနေရတာတွေနဲ့အတူသီရိလင်္ကာရဲ့ ပြင်းထန်တဲ့လောင်စာဆီပြတ်လပ်မှုဟာအခုသီတင်းပတ်အတွင်းပိုပြီးဆိုးရွားလာပါတယ်။

လက်ကျန်လောင်စာဆီပမာဏဟာကားတွေ၊စက်မှုလုပ်ငန်းအချို့နဲ့ မရှိမဖြစ်ဝန်ဆောင်မှုတွေအတွက်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနကပြောကြားပါတယ်။ လွန်ခဲ့တဲ့တစ်လကမိမိတို့နိုင်ငံမှာ ဓာတ်ဆီတစ်ရက်စာအတွက်ပဲကျန်ရှိတော့ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

သီရိလင်္ကာဟာဝယ်ယူထားတဲ့ကုန်ပစ္စည်းတွေအတွက်ပေးဖို့ရှိနေတဲ့ကန်ဒေါ်လာ ၇၂၅သန်းကို မပေးချေနိုင်ဖြစ်နေပြီး အနာဂတ်ကုန်တင်သွင်းမှုတွေအတွက်ချေးငွေရယူဖို့လည်းအခက်ကြုံနေကြောင်းလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးကန်ချာနာကပြောကြားပါတယ်။

မသွားမဖြစ်မဟုတ်တဲ့ ခရီးစဉ်တွေကိုမလျှော့ချဘူးဆိုရင်မိမိတို့လောင်စာဆီကုန်ဆုံးမှုဟာပိုပြီးမြန်မြန်ကုန်လာ မှာဖြစ်ကြောင်း ကန်ချာနာကပြောကြားပါတယ်။သီရိလင်္ကာအစိုးရဟာအိန္ဒိယအစိုးရဘဏ်တစ်ခုကနေ ချေးငွေကန်ဒေါ်လာသန်း ၅၀၀ရရှိထားပြီးလာမယ့်သီတင်းပတ်အနည်းငယ်အတွင်းလောင်စာတင်ပို့မှုတွေရောက်ရှိလာမယ်လို့မျှော်လင့်ကြောင်းသူကပြောကြားပါတယ်။

သီရိလင်္ကာဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းအဆိုးရွားဆုံးစီးပွားရေးပြဿနာနဲ့ရင်ဆိုင်နေရကာမရှိမဖြစ်လိုအပ်တဲ့နေစဉ်သုံးပစ္စည်းတွေလည်း ပြတ်လပ်နေပါတယ်။

unicode

ေလာင္စာဆီပမာဏ (၅)ရက္စာသာက်န္ေတာ့တဲ့ သီရိလကၤာႏိုင္ငံ

photo credit

သီရိလကၤာရဲ႕ေလာင္စာဆီပမာဏဟာေနာက္ထပ္ငါးရက္စာအတြက္ပဲက်န္ရွိေတာ့ေၾကာင္း လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးကေျပာၾကားပါတယ္။

ႏိုင္ငံတစ္ဝန္း ဓာတ္ဆီဆိုင္ေတြမွာလူအမ်ားတန္းစီးၿပီး အခ်ိန္အၾကာႀကီးေစာင့္ဝယ္ယူေနရတာေတြနဲ႔အတူသီရိလကၤာရဲ႕ ျပင္းထန္တဲ့ေလာင္စာဆီျပတ္လပ္မႈဟာအခုသီတင္းပတ္အတြင္းပိုၿပီးဆိုး႐ြားလာပါတယ္။

လက္က်န္ေလာင္စာဆီပမာဏဟာကားေတြ၊စက္မႈလုပ္ငန္းအခ်ိဳ႕နဲ႔ မရွိမျဖစ္ဝန္ေဆာင္မႈေတြအတြက္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနကေျပာၾကားပါတယ္။ လြန္ခဲ့တဲ့တစ္လကမိမိတို႔ႏိုင္ငံမွာ ဓာတ္ဆီတစ္ရက္စာအတြက္ပဲက်န္ရွိေတာ့ေၾကာင္း သီရိလကၤာဝန္ႀကီးခ်ဳပ္ကေျပာၾကားခဲ့ပါတယ္။

photo credit

သီရိလကၤာဟာဝယ္ယူထားတဲ့ကုန္ပစၥည္းေတြအတြက္ေပးဖို႔ရွိေနတဲ့ကန္ေဒၚလာ ၇၂၅သန္းကို မေပးေခ်ႏိုင္ျဖစ္ေနၿပီး အနာဂတ္ကုန္တင္သြင္းမႈေတြအတြက္ေခ်းေငြရယူဖို႔လည္းအခက္ႀကဳံေနေၾကာင္းလွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးကန္ခ်ာနာကေျပာၾကားပါတယ္။

မသြားမျဖစ္မဟုတ္တဲ့ ခရီးစဥ္ေတြကိုမေလွ်ာ့ခ်ဘူးဆိုရင္မိမိတို႔ေလာင္စာဆီကုန္ဆုံးမႈဟာပိုၿပီးျမန္ျမန္ကုန္လာ မွာျဖစ္ေၾကာင္း ကန္ခ်ာနာကေျပာၾကားပါတယ္။သီရိလကၤာအစိုးရဟာအိႏၵိယအစိုးရဘဏ္တစ္ခုကေန ေခ်းေငြကန္ေဒၚလာသန္း ၅၀၀ရရွိထားၿပီးလာမယ့္သီတင္းပတ္အနည္းငယ္အတြင္းေလာင္စာတင္ပို႔မႈေတြေရာက္ရွိလာမယ္လို႔ေမွ်ာ္လင့္ေၾကာင္းသူကေျပာၾကားပါတယ္။

သီရိလကၤာဟာလြတ္လပ္ေရးရၿပီးေနာက္ပိုင္းအဆိုး႐ြားဆုံးစီးပြားေရးျပႆနာနဲ႔ရင္ဆိုင္ေနရကာမရွိမျဖစ္လိုအပ္တဲ့ေနစဥ္သုံးပစၥည္းေတြလည္း ျပတ္လပ္ေနပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *