ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရသူများအား အထူးကိစ္စရပ်အနေဖြင့်ကားပါမစ်ချပေးမည်

ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရသူများအား အထူးကိစ္စရပ်အနေဖြင့်ကားပါမစ်ချပေးမည်

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးအောင်မြင်ခဲ့ကြတဲ့ မြန်မာအားကစားသမားတွေကိုလူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ကိုအထူးကိစ္စရပ်အနေနဲ့ခွင့်ပြုသွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက် မှန်ကန်ကြောင်းကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူ တစ်ယောက်ကအတည်ပြုပြောဆိုပါတယ်။ထိုသို့ရွှေတံဆိပ်ဆုရအားကစားသမားများအားအထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုခဲ့ခြင်းမှာမြန်မာနိုင်ငံကိုယ်စားပြု၍အောင်မြင်ခဲ့ကြသဖြင့် နိုင်ငံတော်မှအားပေးဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် ဝယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရွှေတံဆိပ်ဆုရ အားကစားသမားတွေကို ပြည်တွင်းရှိမော်တော်ယာဉ် Showroom နဲ့ Sale Center တွေက စက်စွမ်းအား ၂၀၀၀ စီစီနဲ့အောက်၊ CIF (ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း(၃၀၀)နဲ့အောက် လူစီးမော်တော်ယာဉ်တစ်စီးစီကိုဝယ်ယူ ခွင့်ပြုမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဉ်နဲ့ပတ်သက်ပြီး ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလည်းကင်းလွတ်ခွင့်ပြုမှာ ဖြစ်တယ်လို့ဆိုပါတယ်။ထို့ကြောင့်ကားဝယ်ယူမည့် ရွှေတံဆိပ်ဆုရအား ကစားသမားများအနေဖြင့် အသေးစိတ်သိရှိလိုသည်များအား

ညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံ တင်)ဖုန်း ၀၆၇-၃၄၀၅၁၄၂၊ ဒုတိယညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံတင်) ဖုန်း ၀၆၇-၃၄၀၅၀၃၈ တို့သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ မြန်မာ့လက်ရွေးစင်အားကစားသမားများသည် ရွှေတံဆိပ် ၉ ခုဆွတ်ခူးရရှိခဲ့သည်။

unicode

ဆီးဂိမ္းၿပိဳင္ပြဲ၌ ေ႐ႊတံဆိပ္ဆုရသူမ်ားအား အထူးကိစၥရပ္အေနျဖင့္ကားပါမစ္ခ်ေပးမည္

(၃၁)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ေ႐ႊတံဆိပ္ဆုဆြတ္ခူးေအာင္ျမင္ခဲ့ၾကတဲ့ ျမန္မာအားကစားသမားေတြကိုလူစီးေမာ္ေတာ္ယာဥ္ ဝယ္ယူခြင့္ကိုအထူးကိစၥရပ္အေနနဲ႔ခြင့္ျပဳသြားမွာျဖစ္တယ္လို႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထုတ္ျပန္ခ်က္ မွန္ကန္ေၾကာင္းကိုလည္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕တာဝန္ရွိသူ တစ္ေယာက္ကအတည္ျပဳေျပာဆိုပါတယ္။ထိုသို႔ေ႐ႊတံဆိပ္ဆုရအားကစားသမားမ်ားအားအထူးကိစၥရပ္အေနျဖင့္ အိမ္စီးကားဝယ္ယူခြင့္ျပဳခဲ့ျခင္းမွာျမန္မာႏိုင္ငံကိုယ္စားျပဳ၍ေအာင္ျမင္ခဲ့ၾကသျဖင့္ ႏိုင္ငံေတာ္မွအားေပးဂုဏ္ျပဳခ်ီးျမႇင့္သည့္အေနျဖင့္ ဝယ္ယူခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ေ႐ႊတံဆိပ္ဆုရ အားကစားသမားေတြကို ျပည္တြင္းရွိေမာ္ေတာ္ယာဥ္ Showroom နဲ႔ Sale Center ေတြက စက္စြမ္းအား ၂၀၀၀ စီစီနဲ႔ေအာက္၊ CIF (ဆိပ္ကမ္းေရာက္တန္ဖိုး) က်ပ္သိန္း(၃၀၀)နဲ႔ေအာက္ လူစီးေမာ္ေတာ္ယာဥ္တစ္စီးစီကိုဝယ္ယူ ခြင့္ျပဳမွာျဖစ္တယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ ေမာ္ေတာ္ယာဥ္နဲ႔ပတ္သက္ၿပီး ျပည္ပတင္သြင္းယာဥ္မွတ္ပုံတင္ခကိုလည္းကင္းလြတ္ခြင့္ျပဳမွာ ျဖစ္တယ္လို႔ဆိုပါတယ္။ထို႔ေၾကာင့္ကားဝယ္ယူမည့္ ေ႐ႊတံဆိပ္ဆုရအား ကစားသမားမ်ားအေနျဖင့္ အေသးစိတ္သိရွိလိုသည္မ်ားအား

ၫႊန္ၾကားေရးမႉး(ယာဥ္မွတ္ပုံ တင္)ဖုန္း ၀၆၇-၃၄၀၅၁၄၂၊ ဒုတိယၫႊန္ၾကားေရးမႉး(ယာဥ္မွတ္ပုံတင္) ဖုန္း ၀၆၇-၃၄၀၅၀၃၈ တို႔သို႔႐ုံးခ်ိန္အတြင္းဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း သိရသည္။၃၁ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ(ဆီးဂိမ္း)၌ ျမန္မာ့လက္ေ႐ြးစင္အားကစားသမားမ်ားသည္ ေ႐ႊတံဆိပ္ ၉ ခုဆြတ္ခူးရရွိခဲ့သည္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *