(၇)ရက်သားသမီးများအတွက် အိုးကံ အိမ်ကံ တွက်နည်း

(၇)ရက်သားသမီးများအတွက် အိုးကံ အိမ်ကံ တွက်နည်း

ခုနှစ်ရက်သားသမီးများအတွက် ဆရာဒေဝမင်းထက် (ဗေဒင်နှင့်ယတြာ)၏ အိုးကံအိမ်ကံတွက်နည်းလေး မျှဝေးလိုက်ပါသည်။

မိမိ ၏မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ( ၇ ) ဖြင့် ÷ ။ အကြွင်း (၇)မျိူး ထွက်လာမည်။ ထွက်လာသည့်အကြွင်းအလိုက်အောက်မှာပေးထားတဲ့နံပါတ်လေးအတိုင်းဖတ်ကြည့်နိုင်ပါတယ်။

(၁) ကြွင်းသော ခုနှစ်ရက် သားသမီးများသည် အိမ်ကြီး အိမ်ကောင်းများနှင့် အကျိူးပေး အားနည်းတတ်သည်။မကြာခဏပြောင်းရွှေ့နေရတတ်သောသူများဖြစ်သည်။တစ်နေရာထဲတွင်အခြေမချ ရတတ် ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေး ညံ့လာတတ်သည်။

(၂) ကြွင်းသော ခုနှစ်ရက်သားသမီးများသည် တော်ရုံတန်ရုံ သူဋ္ဌေးပင် မနေနိုင်သော အိမ်ကြီး အိမ်ကောင်းဖြင့်နေထိုင် ရတတ်သည်။ခမ်းနား ထည်ဝါသောအိမ်ကြီးများတွင် နေရတတ်သည်။ ယခု အခြေအနေတွင်ဆင်းရဲနေလျှင်ပင်အိမ်ကိုသပ်သပ်ရပ်ရပ်မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက်လာနိုင်ပေသည်။

(၃) ကြွင်းသော ခုနှစ်ရက် သားသမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရ တတ်သည်။ အိမ်ကို မကြာခဏ အရောင် ၊ဒီဇိုင်း၊ အနေအထား စသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်း စီးပွား တက်လေလေဖြစ်မည်။အိမ်ကိုအကြောင်းပြုကာ စီးပွားတက်တတ်သောကြောင့် အလုပ်နှင့် အိမ်ကို တွဲထားသင့်သည်။

(၄) ကြွင်းသော ခုနှစ်ရက်သားသမီးများသည်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။မထင်မှတ်ပဲ အမွေရခြင်း၊ ထီပေါက်ခြင်းတို့ကြောင့်စီးပွားတက်ပြီးလည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊လက်ဆောင်ရခြင်း၊ ကြီးကဲသူတို့ ကချီးမြှင့်ခြင်းတို့ကြောင့်လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်လေသည်။

(၅) ကြွင်းသောခုနှစ်ရက် သားသမီးများသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့်အကျိုးပေးအားနည်းတတ် သည်။ မကြာခဏပြောင်းရွှေ့နေထိုင်ရခြင်း၊အိမ်မှာနေလျှင်အလုပ်များအဆင်မပြေခြင်း၊ပူပင်သောကများ ရခြင်းများ ကြုံရတတ်သည်။အိမ်နှင့် အလုပ်ကို တွဲမထားသင့် သူများ ဖြစ်ပေတော့သည်။

(၆) ကြွင်းသောခုနှစ်ရက်သားသမီးများသည်အိမ်ကြီး အိမ်ကောင်းများနှင့်နေထိုင်ရတတ်သောသူများ ဖြစ်ပေတော့သည်။ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းများနှင့်အိမ်များတွင်နေထိုင်ရတတ်သည်။ အိမ်ကြီး အိမ်ကောင်းနှင့်နေပြီး စီးပွား တက်သည်။ တစ်စုံတစ်ရာ ထူးခြားနေသော အိမ်များတွင် နေရတတ်သည်။

( ၀ ) ကြွင်းသောခုနှစ်ရက်သားသမီးများသည်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန်ကံနည်းတတ်သည်။အိမ်ကြီးအိမ်ကောင်းပိုင်ဆိုင်လျှင်ပင်ထိုအိမ်တွင်အမြဲမနေရတတ်ပေ။မိမိမှာ အိမ်ပိုင်ပါလျှက်နှင့်အခြားတစ်ပါးတွင်သွားပြီးနေထိုင်ရတတ်သည်။ဟိုမှာနေလိုက်၊ ဒီမှာနေလိုက်ဖြစ်နေရတတ်ပေသည်။

ဆရာဒေဝမင်းထက်အား လေးစားစွာဖြင့်ခရက်ဒစ်ပေးပါတယ်။အားလုံးပဲကျန်းမာချမ်းသာလို့ အိမ်ကောင်းအိုးကောင်းဖြင့် နေနိုင်ကြပါစေ..

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *