ဇွန်လအတွင်းဖြစ်ပေါ်နိုင်သည့်လာနီညာ အခြေအနေအားထုတ်ပြန်

၂၀၂၂ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်သောလာနီညာအခြေအနေကို မိုးဇလရဲ့ ဇွန်လ၁၆ ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များမှာအားအနည်းငယ်ရှိသောလာနီညာ အခြေအနေသို့ရောက်ရှိနေပါသည်။




နိုင်ငံတကာ မိုးလေဝသဌာနများ၏သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရဇွန်လအတွင်းအားအနည်းငယ်ရှိသောလာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။လာနီညာဖြစ်စဉ်သည်ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း
အဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာယေဘုယျအားဖြင့် အရှေ့ ဘက်မှလေပွေလှိုင်းများတိုက်ခတ်ခြင်း၊ဘင်္ဂလားပင်လယ်အော်တွင်လေဖိအား နည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းစသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။




၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေ မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊




ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။




နောက်(၂)ရက်အတွက်ခန့်မှန်းချက်−
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။




မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရနေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပါကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အသိပေးကြေညာထားတာပဲဖြစ်ပါတယ်။




Source မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန