ကားဘော်ဒီကို မိုးကာလမှာ သံချေးတက်ခြင်းမှ ကာကွယ်နည်း

ကားဘော်ဒီကို မိုးကာလမှာ သံချေးတက်ခြင်းမှ ကာကွယ်နည်း

ကားပိုင်ရှင်တိုင်းလိုလို ကြုံတွေ့ရတဲ့စိတ်ပျက်စရာပြသနာကတော့ ကားဘော်ဒီသံချေးတက်တဲ့ပြဿနာပါ။ဒီသံချေးတက်တာကကားကိုကြည့်မကောင်း ၊ရှုမကောင်းဖြစ်သလိုအခြေအနေဆိုးရွားလာရင်ကားဘော်ဒီအသားပဲ့ထွက်တာတွေဖြစ်စေနိုင်ပါတယ်။

ကားကို သေချာထိမ်းသိမ်းပြီးမဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ရင်ကားဘော်ဒီသံချေးတက်တဲ့ ပြသနာကိုရှောင်ရှားနိုင်ပါတယ်။

၁။ သံချေး မပျံ့ခင် ကြိုတင်ရှင်းလင်းပါ။

သံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင် ထိုနေရာတစ်ဝိုက်မှာ သံချေးတွေ ပျံ့နှံ့လာတတ်ပါတယ်။ဒီလိုမပျံ့နှံ့သွားခင်ကြိုတင်တွေ့ရှိထားရင်ငွေအကုန်အကျနည်းနည်းနဲ့ သံချေးပြသနာကိုဖြေရှင်းနိုင်ပါတယ်။သံချေးကွက် သေးသေးလေးပါဆိုပြီးအထင်တော့မသေးလိုက်နဲ့။

အချိန်တိုအတွင်းမှာဘေးပါတ်ပါတ်လည်ကပါ သံအကောင်းတွေကိုသံချေးတွေ ပျံ့နှံ့လာနိုင်တဲ့အတွက် သင့် ကားဘော်ဒီမှာသံချေး ရှိ မရှိ မကြာခဏစစ်ဆေးသင့်ပါတယ်။ကားဘော်ဒီအပြင်ဘက်ကသံချေးတွေကပဲအရေးကြီးတာမဟုတ်ပါဘူး။

ကားဘော်ဒီ အောက်ပိုင်းမှာ သံချေးတွေတက်လာရင်လည်း ပြသနာကြီးတစ်ခုဖြစ်လို့ ကားတစ်ကားလုံးကိုစစ်ဆေးပါ။

၂။ ပုံမှန် ကားရေဆေးပါ။

ကားညစ်ပတ်ပြီးရုပ်ဆိုးလာမှ ရေဆေးတာမျိုးမလုပ်ပဲ ပုံမှန်တစ်ပါတ် တစ်ကြိမ်လောက် ကားရေဆေးပေးသင့်ပါတယ်။ဒီလိုကားကို ပုံမှန်ရေဆေးပေးမှကားပေါ်မှာကပ်နေတဲ့ သံချေးတက်စေမယ့် အရာတွေကို သံချေးမတက်စေခင်မှာ ဖယ်ရှားပြီးသားဖြစ်သွားမှာပါ။

ဆီတွေ ပေစွန်းနေတာမျိုးတွေကနေလည်း သံချေးတွေတက်လာစေလို့ ပေစွန်းနေတာတွေကို ပုံမှန်ဖယ်ရှားပေးခြင်းအားဖြင့် သံချေးတက်ခြင်းမှကာကွယ်နိုင်မှာပါတယ်။ကားဘော်ဒီအောက်ပိုင်းကိုလည်းသေချာဆေးပေးရပါမယ်။

ဆေး ကြောတဲ့အခါ Baking soda မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်ပြီးဆေးကြောပေးရင်ပိုထိရောက်ပါတယ်။

၃။ Wax တစ်နှစ်မှာ၂ကြိမ်ခန့် လုပ်ပါ။

ကားကို wax လုပ်တာ ဖရောင်းသွင်းတာဟာကားကိုတောက်ပြောင်ပြီး လှပနေစေရုံတင်အကျိုးပြုတာ မဟုတ်ပါဘူး။ကားဆေးရောင်မှိန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သလို သံချေးတက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ဒါ့ကြောင့် တစ်နှစ်ကို အနည်းဆုံး၂ကြိမ်ခန့်တော့ waxing လုပ်ပေး သင့်ပါတယ်။

၄။ Rust arrestor အသုံးပြုခြင်း ။

ကားမှာ သံချေးနဲနဲစတက်လာတာတွေ့ပေမယ့်ဆိုင်သွားပြီးသံချေးချွတ်ဖို့က အဆင် မပြေသေးဘူးဆိုရင် rust arrestor အသုံးပြုပြီးသံချေး မပျံ့နှံ့အောင်လုပ်ထားလို့ရပါတယ်။ကားပစ္စည်း အရောင်းဆိုင်တွေမှာအလွယ်တကူ ရရှိနိုင်သလို အသုံးပြုရလည်းအင်မတန်လွယ်ကူပါတယ်။

rust arrestor ကို စုတ်တံလေးအသုံးပြုပြီး သံချေးတက်နေတဲ့နေရာ တစ်ဝိုက်ကို သုတ်ပေးပါ။သေချာခြောက်သွားပြီဆိုတော့မှထုတ်စီးပါ။နေရောင်ထဲမှာ ထုတ်ထားရင် မြန်မြန်ခြောက်ပါတယ်။

၅။ ရေဝပ်သော နေရာတွင် ကားမရပ်ပါနဲ့။

ရေထိပါများရင်သံချေးတက်လွယ်လာပါတယ်။ဒါ့ကြောင့်ကားကိုရပ်မယ်ဆိုရင် ရေမဝပ်တဲ့နေရာမျိုးတွေမှာသာရွေးပြီးရပ်ပါ။ ကုန်းမြင့်ပိုင်းတွေမှာ ကားကိုရပ်တာစိတ်အချရဆုံးပါ။Myanmar Automotive Guideမှပြန်လည်မျှဝေခြင်းဖြစ်ပါသည်။မူရင်းရေးသူအားလေးစားစွာခရက်ဒစ်ပေးပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *