အလွယ်ကူဆုံး Home Made မြေအိုးမြီးရှည် ပြုလုပ်နည်း

အလွယ်ကူဆုံး Home Made မြေအိုးမြီးရှည် ပြုလုပ်နည်း

ပါဝင်သောပစ္စည်းများ

၁။ ကြက်သား ရင်အုပ်တခြမ်း နှင့် လည်ချောင်းရိုး ၂ ခု

၂။ ကြက်အူချောင်း ၁ ချောင်း

၃။ ငုံးဥ – ၄ လုံး

၄။ ကိုက်လန် ၁ ချောင်း

၅။ ပါးပါးလှီးထားသော မုန်လာဥနီ အနည်းငယ်

၆။ မုန်ညှင်းဖြူအနည်းငယ်

၇။ ပန်းမုန်လာ အနည်းငယ်

၈။ပန်းပွင့်စိမ်းအနည်းငယ်

၉။ ကျောက်ပွင့်အနည်းငယ်

၁၀။ ကြွက်နားရွက်(ကျောက်ပွင့်အမည်း) အနည်းငယ်

၁၁။ အသားတု၂လုံး

၁၂။ မြီးရှည်အခြောက်ဖတ်လက်တဆုပ်စာ

၁၃။ အဖြူရောင်မာလာခေါက်ဆွဲအပြားခေါက်ဆွဲဖတ် ၄ ပြား (မထည့်လဲရ)

၁၄။ ပဲပြားခြောက်အနည်းငယ်

၁၅။ ပဲပြား အတုံးသေး၄ တုံး

၁၆။ ဆားအနည်းငယ်

၁၇။ အချိုမှုန့်(သို့)သကြားအနည်းငယ်

၁၈။ ပဲငပိ အစပ်ထမင်းစားဇွန်း ၂ ဇွန်း

၁၉။ မုန်ညှင်းချဉ် (သို့)ရှမ်းချဉ်ထမင်းစားဇွန်း ၂ဇွန်း

၂၀။ဟွာကျောင်းအမှုန့်အနည်းငယ် (မရှိရင်မထည့်လဲရပါတယ်။ ထည့်ရင်အနံ့ပိုမွှေးပါတယ်။)

၂၁။ ငရုတ်ကောင်း အနည်းငယ်

ချက်ပြုနည်း

ကြက်ရင်အုပ်နှင့်လည်ချောင်းရိုးများကိုဆား၊အချိုမှုန့် (သို့)သကြားအနည်းငယ်ထည့် ရေ၄ခွက်ထည့်၍မိနစ်၂၀ ခန့်ပြုတ်ပါ။

ပြီးလျှင်ရင်အုပ်မှအသားများကိုနွှာ၍အတုံးအသေးလေးတွေတုံးထားပါ။ရင်အုပ်မှအရိုးကိုကြက်ပြုတ်ရည်အိုးထဲထည့်ပြီရမီးအေးအေးဖြင့်ဆက်တည်ထားပါ။ကြက်ပြုတ်ရည်အိုးတွင်ရေနည်းသွားလျှင်ရေပြန်ပြန်ဖြည့်ပေးပါ။

မြီးရှည်အခြောက်ဖတ်၊ပဲပြားခြောက်၊ကျောက်ပွင့်၊ကြွက်နားရွက်၊အသားတုတို့ကိုအနည်းဆုံး၁ နာရီခန့်ရေစိမ်ထားပါ။

အသီးအရွက်များကိုကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ မုန်ညှင်းချဉ်ကို အတုံးအသေးလေးတွေလှီးထားပါ။

မြေအိုးမြီးရှည်ပြင်ဆင်ပါတော့မယ်။မြေအိုးကိုမီးဖိုပေါ်တင်၍အပူပေးပါ။ပဲငပိအစပ်ကိုထည့်ပါ။ထို့နောက်အတုံးအသေးလေးတွေတုံးထားသောကြက်သားကိုထည့်ပြီးပဲငပိနှင့်သမအောင်မွှေပါ။ ပြီးလျှင် မုန်ညှင်းချဉ်ကိုထည့်ပါ။

ထို့နောက်ကြက်ပြုတ်ရည်ကိုမြေအိုးရဲတဝက်ကျော်ကျော်လောက်အထိထည့်ပါ။ဟွာကျောင်းနှင့်ငရုတ်ကောင်းမှုန့်ကိုထည့်ပါ။ ရေစိမ်ထားသောအရာများကိုထည့်ပြုတ်ပါ။၂မိနစ်ခန့်အဖုံးအုပ်ထားပါ။

ပြီးလျှင်ပဲပြား၊လှီးထားသောအသီးအရွက်များ၊ငုံးဥတို့ကိုထည့်၍နောက်ထပ်၂မိနစ်ခန့်အဖုံးအုပ်ထားပါ။

ထို့နောက်မီးဖိုပေါ်မှချ၍ ပူပူနွေးနွေးမြေအိုးမြီးရှည်ကိုသုံးဆောင်နိုင်ပါပြီ။

ဖိုလ်တိုခရက်ဒစ်

အလြယ္ကူဆုံး Home Made ေျမအိုးၿမီးရွည္ ျပဳလုပ္နည္း

ပါ၀င္ေသာပစၥည္းမ်ား

၁။ ၾကက္သား ရင္အုပ္တျခမ္း ႏွင့္ လည္ေခ်ာင္းရိုး ၂ ခု

၂။ ၾကက္အူေခ်ာင္း ၁ ေခ်ာင္း

၃။ ငုံးဥ – ၄ လုံး

၄။ ကိုက္လန္ ၁ ေခ်ာင္း

၅။ ပါးပါးလွီးထားေသာ မုန္လာဥနီ အနည္းငယ္

၆။ မုန္ညႇင္းျဖဴအနည္းငယ္

၇။ ပန္းမုန္လာ အနည္းငယ္

၈။ပန္းပြင့္စိမ္းအနည္းငယ္

၉။ ေက်ာက္ပြင့္အနည္းငယ္

၁၀။ ႂကြက္နားရြက္(ေက်ာက္ပြင့္အမည္း) အနည္းငယ္

၁၁။ အသားတု၂လုံး

၁၂။ ၿမီးရွည္အေျခာက္ဖတ္လက္တဆုပ္စာ

၁၃။ အျဖဴေရာင္မာလာေခါက္ဆြဲအျပားေခါက္ဆြဲဖတ္ ၄ ျပား (မထည့္လဲရ)

၁၄။ ပဲျပားေျခာက္အနည္းငယ္

၁၅။ ပဲျပား အတုံးေသး၄ တုံး

၁၆။ ဆားအနည္းငယ္

၁၇။ အခ်ိဳမွုန္႔(သို့)သၾကားအနည္းငယ္

၁၈။ ပဲငပိ အစပ္ထမင္းစားဇြန္း ၂ ဇြန္း

၁၉။ မုန္ညႇင္းခ်ဥ္ (သို့)ရွမ္းခ်ဥ္ထမင္းစားဇြန္း ၂ဇြန္း

၂၀။ဟြာေက်ာင္းအမွုန္႔အနည္းငယ္ (မရွိရင္မထည့္လဲရပါတယ္။ ထည့္ရင္အနံ ့ပိုေမႊးပါတယ္။)

၂၁။ င႐ုတ္ေကာင္း အနည္းငယ္

ခ်က္ျပဳနည္း

ၾကက္ရင္အုပ္ႏွင့္လည္ေခ်ာင္းရိုးမ်ားကိုဆား၊အခ်ိဳမွုန္႔ (သို့)သၾကားအနည္းငယ္ထည့္ ေရ၄ခြက္ထည့္၍မိနစ္၂၀ ခန္႔ျပဳတ္ပါ။

ၿပီးလၽွင္ရင္အုပ္မွအသားမ်ားကိုႏႊာ၍အတုံးအေသးေလးေတြတုံးထားပါ။ရင္အုပ္မွအ႐ိုးကိုၾကက္ျပဳတ္ရည္အိုးထဲထည့္ၿပီရမီးေအးေအးျဖင့္ဆက္တည္ထားပါ။ၾကက္ျပဳတ္ရည္အိုးတြင္ေရနည္းသြားလၽွင္ေရျပန္ျပန္ျဖည့္ေပးပါ။

ၿမီးရွည္အေျခာက္ဖတ္၊ပဲျပားေျခာက္၊ေက်ာက္ပြင့္၊ျကြက္နားရြက္၊အသားတုတို့ကိုအနည္းဆုံး၁ နာရီခန္႔ေရစိမ္ထားပါ။

အသီးအရြက္မ်ားကိုႀကိဳက္ႏွစ္သက္ရာအရြယ္လွီးထားပါ။ မုန္ညႇင္းခ်ဥ္ကို အတုံးအေသးေလးေတြလွီးထားပါ။

ေျမအိုးၿမီးရွည္ျပင္ဆင္ပါေတာ့မယ္။ေျမအိုးကိုမီးဖိုေပၚတင္၍အပူေပးပါ။ပဲငပိအစပ္ကိုထည့္ပါ။ထို့ေနာက္အတုံးအေသးေလးေတြတုံးထားေသာၾကက္သားကိုထည့္ၿပီးပဲငပိႏွင့္သမေအာင္ေမႊပါ။ ၿပီးလၽွင္ မုန္ညႇင္းခ်ဥ္ကိုထည့္ပါ။

ထို့ေနာက္ၾကက္ျပဳတ္ရည္ကိုေျမအိုးရဲတ၀က္ေက်ာ္ေက်ာ္ေလာက္အထိထည့္ပါ။ဟြာေက်ာင္းႏွင့္င႐ုတ္ေကာင္းမွုန္႔ကိုထည့္ပါ။ ေရစိမ္ထားေသာအရာမ်ားကိုထည့္ျပဳတ္ပါ။၂မိနစ္ခန္႔အဖုံးအုပ္ထားပါ။

ၿပီးလၽွင္ပဲျပား၊လွီးထားေသာအသီးအ၇ြက္မ်ား၊ငုံးဥတို့ကိုထည့္၍ေနာက္ထပ္၂မိနစ္ခန္႔အဖုံးအုပ္ထားပါ။

ထို့ေနာက္မီးဖိုေပၚမွခ်၍ ပူပူေႏြးေႏြးေျမအိုးၿမီးရွည္ကိုသုံးေဆာင္နိုင္ပါၿပီ။

ဖိုလ္တိုခရက္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *