၂၄ နာရီအတွင်းမိုးရွာနိုင်တဲ့ဒေသတွေနှင့် ဇူလိုင်လမှာ မိုးကြီးရေလျှံသတိပြုရမယ့် ဒေသများ

၂၄ နာရီအတွင်းမိုးရွာနိုင်တဲ့ဒေသတွေနှင့် ဇူလိုင်လမှာ မိုးကြီးရေလျှံသတိပြုရမယ့် ဒေသများ

ဇွန်လ ၂၀ ရက်နေ့ မိုးလေဝသ စုစုစံထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း မိုးရွာနိုင်တဲ့ဒေသတွေမှာ
တောင်ကြီးခရိုင် ကလောခရိုင် ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ပြည်ခရိုင် နေပြည်တော် သာယာဝတီခရိုင် ဟင်္သာတခရိုင် ဒေသတွေမှာမိုးရွာနိုင်ပြီး ဟင်္သာတခရိုင် ပုသိမ်ခရိုင် ငွေဆောင် ချောင်းသာ ရွှေသောင်ယံ ဂွ ကျိန္တလိ ငပလီ သံတွဲခရိုင်ဒေသတွေမှာမိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ပေးထားပါတယ်။

၂၀၂၃ ဇူလိုင်လမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်ပြီး ဧရာဝတီ တိုင်းဒေသကြီးကတော့ ရွာသွန်းမြဲထက် ၃ ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှူတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ဇွန်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ မကွေးတိုင်းမန္တလေးတိုင်း နေပြည်တော် ရှမ်းပြည်နယ် စစ်ကိုင်းတိုင်းဒေသတွေမှာ မိုးရက်ဆက်ရွာသွန်းနိုင်ပါတယ်။

၂၀၂၃ဇွန်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော် တပ်ကုန်း ညောင်လွန့် ရမည်းသင်း ရွှေဓား ရွာတန်း၂၄ရွာ ပျော်ဘွယ် ညောင်းရမ်း သာစည် လှိုင်းတက် ဘုရားငါးဆူ ယင်းမာပင် ​ပျဥ်ညောင် ခွေးရုပ် ဆင်တောင် ဝက်ဖြူရေ

ရေယား ရေယောင်းမ ကလော အင်းပြင် အောင်ပန်းဟဲဟိုး ရေပုတ် ကျောက်ထပ် ရွှေညောင် အေးသာယာ ရွှေညာင် အင်းလေး တောင်ကြီး ရပ်စောက် ဗထူး ကျိုင်းခမ်း ပင်းတယ ရွာငံ မြို့ကြီး ဘန့်ဘွေး ဝက်ဝံ ပြင်ဦးလွင် အနီးစခန်း ပြင်စာ

အုန်းချော ပုသိမ်ကြီး မန္တလေး အောင်ချမ်းသာ မင်းကွန်း မတ္တရာ ဆားတောင် အုန်းတော ရွာသစ်ကြီး စစ်ကိုင်း အမရပူရ အင်းဝ ရဲလွန်းကျော် တံတားဦး ပုလိပ် စဥ့်ကိုင် ဘဲလင်း ကျောက်ဆည် အင်းကုန်း မြစ်သား ကူမဲ ရွှေကူ ရွှေတောင် ဘုရားဖြူ

ညောင်ပင်လှ ဘုရားစု ဝမ်းတွင်း လျှော်ပင် သပြေဝ တောမ မိတ္ထီလာ ရေချို ပန်းအိုင် မလှိုင် ရုံးစည်ကြီး တောင်သာ ဝဲလောင် ဇဂျမ်း ကံမြဲ မြင်းခြံ

နွားထိုးကြီး တမိုက်သာ ကျော်ဇီ ငါသရောက် ဆည်ရွာ ညောင်ဦး ပုဂံ ပုပ္ပါး ကျောက်ပန်းတောင်း ဂွေးချို ဂွေးပင် စလေ ချောက် ဆိပ်ဖြူ ဆင်ဖြူကျွန်း စလင်း ရွှေဘိုရွာမ ရှောက်တော ပွင့်ဖြူ ကုန်းဇောင်း ရေနံချောင်း ကျောင်းတော်ရာ လယ်ကိုင်း(မရွှေး) စကု မင်းဘူး မကွေး ရွာမွန် ဒေသတွေမှာ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ပေးထားပါတယ်။