အမေရိကန်အစိုးရက မြန်မာနိုင်ငံပိုင် ဘဏ်နှစ်ခုအား ဒဏ်ခတ်ပိတ်ဆို့

အမေရိကန်အစိုးရက မြန်မာနိုင်ငံပိုင် ဘဏ်နှစ်ခုအား ဒဏ်ခတ်ပိတ်ဆို့

ဇွန် ၂၀၊ ၂၀၂၃

မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုအပေါ် ဒီကနေ့ ဇွန် ၂၀ ရက်မှာ စတင်အသက်ဝင်မဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ် လိုက်တယ်လို့ Thai PBS သတင်းဌာနက သံတမန်သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဇွန်လ ၁၉ ရက်က ဖော်ပြထား ပါတယ်။

ဒီလိုပိတ်ဆို့တာဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ဖိအား တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လည်း ဖော်ပြခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ဘဏ်တွေကတော့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရက တခြား အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မြောက်မြားစွာ ချမှတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးအမှုနဲ့ အရေးယူထားတဲ့ ထွန်းမင်းလတ်နဲ့ အိမ်ထောင်ဖက်ဖြစ်သူ ဝင်းမင်းစိုးတို့အပြင် လေယာဉ်ဆီ တင်သွင်းနေတဲ့ ထွန်းမင်းလတ် ပိုင်ဆိုင်တာ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း ၃ ခုကိုလည်း အရေးယူထားပါတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ဒီလို ဒဏ်ခတ်အရေးယူမှုတွေကြောင့် နိုင်ငံ၊ နိုင်ငံ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အခု ဘဏ်နှစ်ခုနဲ့ ဆက်စပ်တဲ့ အရောင်းအဝယ်အားလုံးကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။