သရုပ်ဆောင် ပိုးကြာဖြူခင် ဖမ်းဆီးခံထားရတယ်လို့ သတင်များထွက်ပေါ်
သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့ကို Tiktok ကနေ ဆုတောင်းပေးတာကြောင့် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်မြို့နေအိမ်မှာ လာဖမ်းသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပိုးကြာဖြူခင် ဟာ MRTV 4 ဇာတ်လမ်းတွဲမှာ နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်ပြီး မကြာမီကာက လက်ထပ်ထားလို့ ကိုယ်ဝန်ဆောင်ထားရတယ်ဆိုပြီးလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လူမှုကွန်ရက်မှာ မွေးနေ့ဆုတောင်းရေးသားထားတဲ့အကြောင်းကို ဟန်ငြိမ်းဦးအပါအဝင် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့ပြီးနောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်လည်း ဖမ်းဆီးခံထားရတယ်လို့ ကြားသိထားရပေမဲ့ အတည်ပြု နိုင်တာ မရှိပါဘူး။
ပဇီကြီးကျေးရွာဖြစ်စဥ်မှာလည်း အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မေလသံစဉ်နဲ့ ဂျာနယ်လစ် ဦးကျော်မင်းဆွေတို့ကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ အမှုဖွင့် အရေးယူထားခဲ့ပါတယ်။