လက်ရှိ ရန်ကုန်−ဘားအံ (အသွား/အပြန်) လမ်းခရီးအခြေအနေနှင့် ကြာချိန်

လက်ရှိ ရန်ကုန်−ဘားအံ (အသွား/အပြန်) လမ်းခရီးအခြေအနေနှင့် ကြာချိန်

ဘားအံ မှ ရန်ကုန် သို့ လမ်းခရီးအခြေနေ

ဘားအံ သံလွင်တံ မနက် 6:00 နာရီမှဖွင့်ပါတယ်။ ကား စာရင်းဆင်းပေးရပါတယ်။

ဘားအံ နှင့် သထုံကြားက ဒုံသမိတံတားကတော့ မနက် 6:30 ပါတ်ဝန်းကျင်လောက်မှာ ဖွင့်ပါတယ်။

ကျိုက္ကော်နှင့် ဘီးလင်းကြား ကျုံအိပ်တံတားကျိုးနားကိုတော့7:40 am မှာရောက်ပါတယ်။

မော်တော်ယာဥ်များ နားလည်မှု့ဖြစ် တလှည့်စီ ဖြတ်သန်းသွားလာနေရပါတယ်။

ကျိုက်ထို ရွှေပလ္လင်ကို 8:15 am ရောက်ပီ မနက်စာစား ခဏ နားပါတယ်။

စစ်တောင်းတံတား အသစ်/အဟောင်း လမ်းစုံ မုပ္ပလင် မှာတော့ မော်တော်ယာဥ် စာရင်းဆင်းပေးရပါတယ်။

တခါတရံ လူဦးရေနှင့် မှတ်ပုံတင် တောင်းစစ်တက်ပါတယ်။

ညောင်ခါရှည် x-ray ကို 9:22 am မှာဖြတ်ပြီး ဘုရားကြီး-အမြန်လမ်းအတိုင် zero mile pt powe ကို 10:58 am မှာရောက်ပါတယ်။

ရန်ကုန်မြို့ထဲ ကို တော့ 12:00 pm လောက်ရောက်ပါတယ်။

ရန်ကုန် မှ ဘားအံ သို အပြန်လမ်းခရီးအခြေနေ

Inya View Hotel Yangon မှ ဧည့်သည်ကို မနက် 8:00 မှာကြိုပြီး Hotel ​ဘေးက ပန်းလှ မှာ မနက်စာသုံးဆောင်ဖြစ်ပါတယ်။

Zero Mile မှ 9:40 am မှာ စထွက်ဖြစ်ပါတယ် 39 mile မှာ လမ်းခွဲပြီး ဘောနတ်ကြီး စစ်ဆေးရေးဂိတ် မှာတော့ တခါတရံ မှတ်ပုံတင် တောင်းကြည့်ပါတယ်။

ဘုရားကြီး-ဝေါ-ညောင်ခါရှည် x-ray ကို 11:16 am မှာဖြတ်သန်းပီး ကျိုက်ထိုမြို့ ရွှေကျိုက်ထို စားသောက်ဆိုင် မှာ နေ့လည်စာ စားသုံးပြီး ကျိုက်ထိုမြို့ရှောက်လမ်းအတိုင်း ခရီးဆက်ခဲ့ပါတယ်။ မြို့ရှောင်လမ်းမှာတော့ လမ်းချိုင့်တွေများတဲ့ အတွက် မော်တော်ယာဥ်များ ဂရုစိုက်မောင်းကျပါ။

ဘီးလင်းနှင့် ကျိုက္ကော်ကြား ကျုံအိပ်တံတားကျိုးနေရာကို 1:20 pm ကျိုက္ကော်ကြား ကျုံအိပ်တံတားကျိုးနေရာကို 1:20 pm လောက်မှာ ဖြတ်ပါတယ် ကားတွေကတော့ နားလည်မှုနှင့် အလှည့်ကျ ဖြတ်သန်းရပါတယ်။

ဘားအံကိုတော့ 2:40 pm လောက်မှာ အဆင်ပြေချောမွှေ့စွာ ပြန်ရောက်ပါတယ်။ စစ်ဆေးရေဂိတ်တွေရောက်ရင် မှန်ချပြီးမောင်းကျဖို့ အကြံပေးချင်ပါတယ် ခင်ဗျ။

သွားမည်&တည်းမည်

Zawgyi


















သွားမည်&တည်းမည်