ရွှေဈေးနှုန်း တည်ငြိမ်ဖို့ဟုဆိုကာ မန္ဆလေး ရွှေအသင်းက အပြင်ပေါက်စျေးနီးပါးနဲ့ ရွှေတုံးတွေ ထုတ်ရောင်း
ရွှေဈေးနှုန်း တည်ငြိမ်ဖို့ မန္ဆလေး ရွှေအသင်း က အခေါက်ရွှေတစ်ကျပ်သား ၃၀၅၀၀၀၀ (ကျပ် သိန်းသုံးဆယ်ငါးသောင်း)ကျပ်ဖြင့် စတင်ရောင်းချပေးခဲ့ကြောင်းသိရပါတယ်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီမှစပြီး စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး အသင်းသားမှလွဲ၍ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပါတယ်လို့လည်း အသင်းက ပြောပါတယ်။

စျေး ကျရင် ကျသွားသလို့ နောက်နေ့များမှာ ထပ်မံစျေးလျော့ရောင်းချသွားမယ်လို့ ဆိုပြီး ဝယ်ယူလိုရင် အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မူရင်း+ မိတ္တူယူလာပေးရမယ်လို့ ဆိုပါတယ်။

စနေနဲ့ တနင်္ဂနွေ ဘဏ်ပိတ်ရက်မှလွဲ၍နေ့စဉ် ဆက်တိုက်မန္တလေးတိုင်း၆၇လမ်း၊ ၄၀ – ၄၁ လမ်းကြားရှိ ရွှေလုပ်ငန်းရှင်များအသင်းမှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ရွှေဈေးတွေ မြင့်တက်လို့ လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးခဲ့သေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။