ရပ်ထားတဲ့ ကားဆီက ဘီး ၄ ဘီးစလုံး ဖြုတ်ယူခိုးခံရမှု တာမွေမြို့နယ်မှာ ဖြစ်ပွား
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ကားတစ်စီးဆီက ကားဘီးတွေ ဖြုတ်ခိုးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။
ယနေ့ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက တာမွေမြို့နယ် တော်ဝင်ပလာဇာ အနီး ရပ်ထားတဲ့ ကားတစ်စီးဆီကနေ ကားဘီး ၄ ဘီးစလုံး ဖြုတ်ခိုးခံရတာပါ။

ကားဘီးတွေ ဖြုတ်ခိုးခံလိုက်ရတဲ့ယာဉ်ပိုင်ရှင်က “ မနက်စောစော ဈေးဦးပေါက်သွားပြီ” ဆိုပြီး လူမှုကွန်ယက်မှ တစ်ဆင့် ပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကာလတွေက စလို့ ရန်ကုန်မြိုမှာ ကားလုယက်မှု ၊ ခိုးမှုတွေ မကြာခဏ ဆိုသလို ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောကြားထားပါတယ်။
Zawgyi
ရပ္ထားတဲ့ ကားဆီက ဘီး ၄ ဘီးစလုံး ျဖဳတ္ယူခိုးခံရမႈ တာေမြၿမိဳ႕နယ္မွာ ျဖစ္ပြား

ယေန႔ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္မွာ ကားတစ္စီးဆီက ကားဘီးေတြ ျဖဳတ္ခိုးမႈ ျဖစ္ပြားခဲ့တယ္လို႔ ၿမိဳ႕ခံ ေတြက ေျပာပါတယ္။
ယေန႔ဇူလိုင္ ၁၃ ရက္ေန႔ နံနက္ပိုင္းက တာေမြၿမိဳ႕နယ္ ေတာ္ဝင္ပလာဇာ အနီး ရပ္ထားတဲ့ ကားတစ္စီးဆီကေန ကားဘီး ၄ ဘီးစလုံး ျဖဳတ္ခိုးခံရတာပါ။

ကားဘီးေတြ ျဖဳတ္ခိုးခံလိုက္ရတဲ့ယာဥ္ပိုင္ရွင္က “ မနက္ေစာေစာ ေဈးဦးေပါက္သြားၿပီ” ဆိုၿပီး လူမႈကြန္ယက္မွ တစ္ဆင့္ ေျပာၾကားထားပါတယ္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကာလေတြက စလို႔ ရန္ကုန္ၿမိဳမွာ ကားလုယက္မႈ ၊ ခိုးမႈေတြ မၾကာခဏ ဆိုသလို ျဖစ္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာၾကားထားပါတယ္။