ရက်ပိုင်းအတွင်းအချိန်အခါမဟုတ်ရွာမည့် ဖျက်မိုး

ရက်ပိုင်းအတွင်းအချိန်အခါမဟုတ်ရွာမည့် ဖျက်မိုး

ယခု ရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးရွာနိုင်သလို ဖျက်မိုးအန္တရယ်သတိပြုကြဖို့အတွက် မိုးလေဝသ စုစုစံကကြိုတင်သတိပေးထုတ်ပြန်ပေးထားပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွေမှာရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာမိုးရွာနိုင်တဲ့အတွက်ဖျက်မိုးအန္တရာယ်သတိပြုကြဖို့ထုတ်ပြန်ပေးထားတာဖြစ်ပါသည်။

မိုးလေဝသစုစုစံ ထုတ်ပြန်ချက်အရ “ ဇန်နဝါရီလ ၁၆ ရက်နေ့ ၁၇ ရက်နေ့တွေမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊နေပြည်တော်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာမိုးရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထို့အပြင်ရှမ်းပြည်နယ် ကျောက်မဲခရိုင် လားရှိုးခရိုင် မူဆယ်ခရိုင် လောက်ကိုင် ခရိုင်ဒေသတွေမှာတော့ မိုးများနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖျက်မိုးအန္တရာယ်သတိပြုရမယ့် ဒေသတွေကတော့ နေပြည်တော်၊

တပ်ကုန်း ၊သိုက်ချောင်း ၊ရေဆင်း၊ ပျဥ်းမနား၊လယ်ဝေး၊ဧလာ၊သာဝတ္ထိ၊ ရေနီ မြို့လှ၊ဇေယျဝတီ၊ ဖြူး၊ကညွှတ်ကွင်း၊ညောင်ခြေထောက် အစရှိတဲ့ ဒေသတွေမှာဖျက်မိုးကြောင့်ပျက်စီးမှုမရှိအောင် စိစဥ်ဆောင်ရွက်ကြဖို့အတွက်

ကြိုတင်အသိပေးထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။ထို့အပြင် လာမည့်ရက်ပိုင်းအတွင်း မန္တလေးတိုင်း မကွေးတိုင်းဒေသကြီး တွေမှာအအေးပိုလာနိုင်တယ်လို့ မိုးလေဝသ စုစုစံကထုတ်ပြန်ပေးထားပါတယ်။

Zawgyi






