မြန်မာငွေ သိန်း ၂ထောင်ခန့်ဖြင့် လေလံတင်ရောင်းမယ့် ဆားပွင့်ထက် သေးငယ်တဲ့ LV ပုံတူအိတ်
လူဝီ ဗူတွန် ခေါ် LV အိတ်ကို နမူနာယူပြီး ဖန်တီးထားသော ဆားပွင့် တစ်ပွင့်ထက် သေးငယ်သည့် အိတ်ကို မြန်မာငွေ သိန်း ၂ ထောင်နီးပါး (ဒေါ်လာ ၆၃,၀၀၀ ကျော်) ဖြင့် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့က လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအိတ်ကို ဘရွတ်ကလင်း အခြေစိုက် မစ်ချစ်ဖ် ကုမ္ပဏီက လွန်ခဲ့သော ၂ ပတ်က စတင်ချပြခဲ့ခြင်းဖြစ်သည်။ ထိုသို့ ချပြပြီးကတည်းက ဆိုရှယ်မီဒီယာပေါ်တွင်အလွန်လူပြောများသွားခဲ့သည်။
၄င်းအိတ်ကို LV ၏ On TheGo MM လက်ကိုင်အိတ်အား တုပကာ 3D နည်းပညာ သုံးပြီး ဖန်တီးထားခြင်း ဖြစ်သည်။

အိတ်ကို အမေရိကန် ဂီတပညာရှင် ဖရယ်လ် ဝီလီယမ် ဦးစီးသော အွန်လိုင်းလေလံတင် အရောင်းဆိုင်ကနေ လေလံတင်ရောင်းချပေးခဲ့သည်။
အိတ်အရောင်မှာနီယွန်အစိမ်းရောင်ဖြစ်ပြီး အရွယ်အစားအနေဖြင့် ထောင့်ဖြတ် အလျား ၀ ဒသမ ၀၃ လက်မထက် ပိုသေး၍ အဏုကြည့်မှန်ပြောင်းနှင့်ကြည့်မှ မြင်ရသည်။
ဒေါ်လာ ၆၃,၇၅၀ နဲ့ လေလံအောင်သွားခဲ့သောအမည်မသိ အိတ်ပိုင်ရှင်သည် အိတ်ကိုကြည့်ဖို့အတွက် အဏုကြည့်မှန်ပြောင်းနှင့်ဒစ်ဂျစ်တယ် ဖန်သားပြင်တစ်ခုပါ လက်ဆောင်ရရှိမည်ဖြစ်သည်။
Source: ဝီယွန်
zawgyi
ျမန္မာေငြ သိန္း ၂ေထာင္ခန႔္ျဖင့္ ေလလံတင္ေရာင္းမယ့္ ဆားပြင့္ထက္ ေသးငယ္တဲ့ LV ပုံတူအိတ္
လူဝီ ဗူတြန္ ေခၚ LV အိတ္ကို နမူနာယူၿပီး ဖန္တီးထားေသာ ဆားပြင့္ တစ္ပြင့္ထက္ ေသးငယ္သည့္ အိတ္ကို ျမန္မာေငြ သိန္း ၂ ေထာင္နီးပါး (ေဒၚလာ ၆၃,၀၀၀ ေက်ာ္) ျဖင့္ ဇြန္လ ၂၇ ရက္ ဗုဒၶဟူးေန႔က ေလလံတင္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအိတ္ကို ဘ႐ြတ္ကလင္း အေျခစိုက္ မစ္ခ်စ္ဖ္ ကုမၸဏီက လြန္ခဲ့ေသာ ၂ ပတ္က စတင္ခ်ျပခဲ့ျခင္းျဖစ္သည္။ ထိုသို႔ ခ်ျပၿပီးကတည္းက ဆိုရွယ္မီဒီယာေပၚတြင္အလြန္လူေျပာမ်ားသြားခဲ့သည္။
၄င္းအိတ္ကို LV ၏ On TheGo MM လက္ကိုင္အိတ္အား တုပကာ 3D နည္းပညာ သုံးၿပီး ဖန္တီးထားျခင္း ျဖစ္သည္။
အိတ္ကို အေမရိကန္ ဂီတပညာရွင္ ဖရယ္လ္ ဝီလီယမ္ ဦးစီးေသာ အြန္လိုင္းေလလံတင္ အေရာင္းဆိုင္ကေန ေလလံတင္ေရာင္းခ်ေပးခဲ့သည္။
အိတ္အေရာင္မွာနီယြန္အစိမ္းေရာင္ျဖစ္ၿပီး အ႐ြယ္အစားအေနျဖင့္ ေထာင့္ျဖတ္ အလ်ား ၀ ဒသမ ၀၃ လက္မထက္ ပိုေသး၍ အဏုၾကည့္မွန္ေျပာင္းႏွင့္ၾကည့္မွ ျမင္ရသည္။
ေဒၚလာ ၆၃,၇၅၀ နဲ႔ ေလလံေအာင္သြားခဲ့ေသာအမည္မသိ အိတ္ပိုင္ရွင္သည္ အိတ္ကိုၾကည့္ဖို႔အတြက္ အဏုၾကည့္မွန္ေျပာင္းႏွင့္ဒစ္ဂ်စ္တယ္ ဖန္သားျပင္တစ္ခုပါ လက္ေဆာင္ရရွိမည္ျဖစ္သည္။
Source: ဝီယြန္