မျက်မမြင်မိခင်ကို ထီးပြင်သည့် အလုပ်ဖြင့် လုပ်ကျွေးပြုစုနေတဲ့ ၁၁ နှစ်အရွယ်ကလေးငယ်

မျက်စိမမြင်ရတော့တဲ့ မိခင်ဖြစ်သူ ဘာအလုပ်မှ မလုပ်နိုင်တော့တဲ့အတွက် ၁၁နှစ်အရွယ်ပဲ ရှိသေးတဲ့ သားငယ်လေး မောင်ဖြိုးဝေအောင် ဟာ ထီးအစုတ်တွေကို ဝယ်ပြီး တစ်စစီပြန်ဖြုတ် ၊ ထီးအကောင်းတစ်လက်ဖြစ်အောင် ပြန်ပြုပြင်ရောင်းချနေပါတယ်။

အဲဒီမြင်ကွင်းကို သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးမှာမြင်တွေ့နေကြရတာပါ။သူက ပြန်ပြုပြင်ပြီး ထီးတစ်လက်ကို ၁၅၀၀ နဲ့ ရောင်းတာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ မိခင် ဒေါ်သန်းသန်းမော် က ဈေးရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့သူ တစ်ဦးပါ။ကလေးတွေ ငယ်စဉ်ကတည်းက ဈေးရောင်းတဲ့အလုပ်နဲ့ပဲ အသက်မွေးခဲ့သူပါ။ မျက်စိက တတိယ ကိုယ်ဝန်ရပြီး လုံးဝ မမြင်ရတော့တာလို့ ဆိုပါတယ်။ အခု လက်ရှိ သူမကို လုပ်ကျွေးနေတဲ့ သားငယ် မောင်ဖြိုးဝေအောင် ကိုယ်ဝန်ရစဉ်မှာပဲ ဒေါ်သန်းသန်းမော် ရဲ့ ခင်ပွန်း ဖြစ်သူ ဆုံးပါးသွားခဲ့တာပါတဲ့။

ဒေါ်သန်းသန်းမော် က ဆရာဝန်နဲ့ပြပြီး ကုသရင်တော့ မျက်စိပြန်မြင် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ဆရာဝန် နဲ့ ပြကြည့်တဲ့အခါ အာရုံကြောတွေ အလုပ်မလုပ်တော့တဲ့အကြောင်း သိရပါတယ်တဲ့။ ဒေါ်သန်းသန်းမော် မှာ မျက်လုံးမမြင်ရုံမက နှာခေါင်းကလည်း အနံ့မရဘူးလို့ သိရပါတယ်။

အခု ထီးဟောင်းပြုပြင်ရောင်းချပြီး မိခင်ကို လုပ်ကျွေးနေတဲ့ မောင်ဖြိုးဝေအောင် ဟာ ကျောင်းတက်ချင်ပေမဲ့ တတိယတန်း က ထွက်ထားရသူ ဖြစ်ပါတယ်။

အခု သူတို့သားအမိဟာ တစ်လကို ၅၀၀၀၀ နဲ့ ကျူးကျော်မှာ အခန်းငှားနေကြရတယ်လို့ သိရပါတယ်။

ခရစ်ဒစ်

Zawgyi

ခရစ္ဒစ္