မော်လမြိုင် ရေးကြီးရေလျှံမှုကြောင့် ကလေး ၃ ဦးသေဆုံးခဲ့
မော်လမြိုင်မှာ မိုးသဲထန်စွာရွာသွန်းပြီး ရေကြီးနစ်မြှပ်မှုတွေကြောင့် ကလေး ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင်လ ဆယ့်ကိုး ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်၊ သီရိမင်္ဂလာ ဆယ့်ခွန်းနှစ်လမ်းအတွင်း နေအိမ်တစ်အိမ်မှ အသက် တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခဲ့ရာမှ နေအိမ်ရှေ့မှာ ရေနစ်သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မော်လမြိုင် သီရိမြိုင် ၉ လမ်းမှာ နေထိုင်တဲ့ အသက် ဆယ့်နှစ်နှစ်အရွယ် မောင်ဇွဲမာန်နှင့် ဈေးကြိုရပ်ကွက် ရန်အောင်လမ်းနေ မောင်အောင်ဆန်းမိုး တို့ နှစ်ဦးမှာလည်း ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေကြီးနစ်မြှပ်မှုတွေကြောင့် အသက် တစ်နှစ်ခွဲ အရွယ်ခန့် ကလေးငယ် တစ်ဦး၊ အသက် ဆယ့်နှစ်နှစ်ဝန်းကျင်ခန့် အရွယ်ရှိ ကလေးငယ် နှစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ကတည်း မော်လမြိုင်မြို့မှာ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မော်လမြိုင်မြို့ပေါ်ရှိ စျေးကြိုရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ရေကြီး ရေလျှံမှုဖြစ်ပွားနေတဲ့ ရပ်ကွက်နေပြည်သူအချို့တို့ကို မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
Zawgyi
ေမာ္လၿမိဳင္ ေရးႀကီးေရလွ်ံမႈေၾကာင့္ ကေလး ၃ ဦးေသဆုံးခဲ့
ေမာ္လၿမိဳင္မွာ မိုးသဲထန္စြာ႐ြာသြန္းၿပီး ေရႀကီးနစ္ျမႇပ္မႈေတြေၾကာင့္ ကေလး ၃ ဦး ေရနစ္ေသဆုံးမႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ယေန႔ ဇူလိုင္လ ဆယ့္ကိုး ရက္ေန႔ ေန႔လယ္ပိုင္းက ေမာ္လၿမိဳင္၊ သီရိမဂၤလာ ဆယ့္ခြန္းႏွစ္လမ္းအတြင္း ေနအိမ္တစ္အိမ္မွ အသက္ တစ္ႏွစ္ခြဲအ႐ြယ္ မိန္းကေလးငယ္တစ္ဦး ေပ်ာက္ဆုံးသြားခဲ့ရာမွ ေနအိမ္ေရွ႕မွာ ေရနစ္ေသဆုံးေနတာကို ေတြ႕ရွိခဲ့ရတယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ ေမာ္လၿမိဳင္ သီရိၿမိဳင္ ၉ လမ္းမွာ ေနထိုင္တဲ့ အသက္ ဆယ့္ႏွစ္ႏွစ္အ႐ြယ္ ေမာင္ဇြဲမာန္ႏွင့္ ေဈးႀကိဳရပ္ကြက္ ရန္ေအာင္လမ္းေန ေမာင္ေအာင္ဆန္းမိုး တို႔ ႏွစ္ဦးမွာလည္း ေရနစ္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ေရႀကီးနစ္ျမႇပ္မႈေတြေၾကာင့္ အသက္ တစ္ႏွစ္ခြဲ အ႐ြယ္ခန႔္ ကေလးငယ္ တစ္ဦး၊ အသက္ ဆယ့္ႏွစ္ႏွစ္ဝန္းက်င္ခန႔္ အ႐ြယ္ရွိ ကေလးငယ္ ႏွစ္ဦး စုစုေပါင္း ၃ ဦး ေသဆုံးခဲ့ တယ္လို႔ သိရပါတယ္။

ဇူလိုင္လ ၁၈ ရက္ေန႔ကတည္း ေမာ္လၿမိဳင္ၿမိဳ႕မွာ စံခ်ိန္တင္ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့တာေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ ေစ်းႀကိဳရပ္ကြက္၊ ၿမိဳင္သာယာရပ္ကြက္၊ သီရိမဂၤလာရပ္ကြက္၊ သီရိၿမိဳင္ရပ္ကြက္၊ ေ႐ႊျပည္ေအးရပ္ကြက္၊ လႈိင္ရပ္ကြက္၊ ေ႐ႊျပည္စိုးရပ္ကြက္တို႔မွာ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားေနခဲ့တာျဖစ္ပါတယ္။
ေရႀကီး ေရလွ်ံမႈျဖစ္ပြားေနတဲ့ ရပ္ကြက္ေနျပည္သူအခ်ိဳ႕တို႔ကို မီးသတ္ႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕တို႔က ေဘးလြတ္ရာသို႔ အေရးေပၚေျပာင္းေ႐ႊ႕ေပးျခင္းႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိတယ္လို႔ သိရပါတယ္။