မလေးရှားကုန်တင်သင်္ဘောနစ်မြုပ်ခဲ့ပြီး မြန်မာသင်္ဘောသားအပါအဝင် သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ

မလေးရှားကုန်တင်သင်္ဘောနစ်မြုပ်ခဲ့ပြီး မြန်မာသင်္ဘောသားအပါအဝင် သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ

မြန်မာသင်္ဘောသား ၄ ဦးပါဝင်တဲ့ မလေးရှားမှာ ကုန်တင်သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ မနေ့က မလေးရှား နိုင်ငံ စဘုရာ မှာရှိတဲ့ ပူလောင်ဘူရု ရေပြင်မှာ MV တွန်းဆွန်းကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နစ်မြုပ်ခဲ့တဲ့ MV Tung Sung သင်္ဘောဟာ ကျောက်စရစ်တင်ဆောင်လာတဲ့သင်္ဘောဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ပူလောင်ဘူရု Pulau Burung ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄ဝ ခန့်အကွာ စဘုရာ ရေပြင်မှာ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုအတွင်း မြန်မာသင်္ဘောသား ၄ ဦး၊ မလေးရှားနိုင်ငံသား ၄ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁ ဦးအပါအဝင်စုစုပေါင်း ၉ ဦး ပျောက်ဆုံးနေတယ်လို့ မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (Maritim Malaysia) ကထုတ်ပြန်ထားပါတယ်။

သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၄ ဦးကတော့ ရဲလင်းထက်၊ လဝင်းထွန်း၊ ထွန်းလင်းဦး၊ သက်မင်းဇူလိုင် တို့ဖြစ်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေအနေဲ့ ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းကတည်းက သင်္ဘောနဲ့ ရဟတ်ယာဉ်တွေအသုံးပြုပြီး ည ၇ နာရီအထိ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့်မို့ ယနေ့ဇူလိုင် ၂၁ ရက်နေ့ နံနက် ၈ နာရီကစပြီး ပျောက်ဆုံးနေသူတွေကို ထပ်မံ ရှာဖွေသွားမယ်လို့ သိရပါတယ်။

zawgyi

မေလးရွားကုန္တင္သေဘၤာနစ္ျမဳပ္ခဲ့ၿပီး ျမန္မာသေဘၤာသားအပါအဝင္ သေဘၤာသား ၉ ဦးေပ်ာက္ဆုံးေန

ျမန္မာသေဘၤာသား ၄ ဦးပါဝင္တဲ့ မေလးရွားမွာ ကုန္တင္သေဘၤာနစ္ျမဳပ္မႈျဖစ္ပြားခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဇူလိုင္လ ၂၀ ရက္ေန႔ မေန႔က မေလးရွား ႏိုင္ငံ စဘုရာ မွာရွိတဲ့ ပူေလာင္ဘူ႐ု ေရျပင္မွာ MV တြန္းဆြန္းကုန္တင္သေဘၤာတစ္စင္း တိမ္းေမွာက္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

နစ္ျမဳပ္ခဲ့တဲ့ MV Tung Sung သေဘၤာဟာ ေက်ာက္စရစ္တင္ေဆာင္လာတဲ့သေဘၤာျဖစ္တယ္လို႔ သိရပါတယ္။

ဇူလိုင္ ၂၀ ရက္ေန႔ ေန႔လယ္ပိုင္းက ပူေလာင္ဘူ႐ု Pulau Burung ရဲ႕ အေနာက္ေျမာက္ဘက္ ေရမိုင္ ၄ဝ ခန႔္အကြာ စဘုရာ ေရျပင္မွာ နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါ သေဘၤာနစ္ျမဳပ္မႈအတြင္း ျမန္မာသေဘၤာသား ၄ ဦး၊ မေလးရွားႏိုင္ငံသား ၄ ဦးနဲ႔ အင္ဒိုနီးရွားႏိုင္ငံသား ၁ ဦးအပါအဝင္စုစုေပါင္း ၉ ဦး ေပ်ာက္ဆုံးေနတယ္လို႔ မေလးရွားေရေၾကာင္းထိန္းသိမ္းေရးေအဂ်င္စီ (Maritim Malaysia) ကထုတ္ျပန္ထားပါတယ္။

သေဘၤာနစ္ျမဳပ္မႈအတြင္း ေပ်ာက္ဆုံးေနတဲ့ ျမန္မာသေဘၤာသား ၄ ဦးကေတာ့ ရဲလင္းထက္၊ လဝင္းထြန္း၊ ထြန္းလင္းဦး၊ သက္မင္းဇူလိုင္ တို႔ျဖစ္တယ္လို႔ သိရပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ေတြအေနဲ႔ ဇူလိုင္ ၂၀ ရက္ေန႔ ေန႔လယ္ပိုင္းကတည္းက သေဘၤာနဲ႔ ရဟတ္ယာဥ္ေတြအသုံးျပဳၿပီး ည ၇ နာရီအထိ ရွာေဖြေရးလုပ္ငန္းေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ေပ်ာက္ဆုံးေနတဲ့ သေဘၤာသားေတြကို ရွာေဖြေတြ႕ရွိျခင္းမရွိခဲ့ဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္မို႔ ယေန႔ဇူလိုင္ ၂၁ ရက္ေန႔ နံနက္ ၈ နာရီကစၿပီး ေပ်ာက္ဆုံးေနသူေတြကို ထပ္မံ ရွာေဖြသြားမယ္လို႔ သိရပါတယ္။