မန္တလေးမှာ ကျန်းမာရေးမကောင်းတဲ့ မိခင်ဖြစ်သူကို သမီးဖြစ်သူက သုဿန်မှာ စွန့်ပစ်
မန္တလေးတိုင်းဒေသကြီး အေးရိပ်ငြိမ် သုသာန်မှာ ဇူလိုင်လ ၉ ရက်နေ့က အမေဖြစ်သူကို သမီးရင်းဖြစ်သူက စွန့်ပစ်သွားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ အေးရိပ်ငြိမ်သုသာန်မှာရှိတဲ့ မြန်မာသင်္ချိုင်းနဲ့ တရုတ်သင်္ချိုင်းအကြားမှာ အလောင်းတွေ့ရှိရကြောင်း အကြောင်းကြားလာတဲ့အတွက် အလင်းစေတမန်ပရဟိတအသင်းက သွားရောက်ခဲ့ရာမှာတော့ သေဆုံးသူ အလောင်းမဟုတ်ဘဲ အသက် ၃၉ နှစ် အရွယ်ရှိ ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အလင်းစေတမန် ပရဟိတအသင်းမှ တာ၀န်ရှိသူတစ်ဦး ပြောပြချက်အရ သမီးဖြစ်သူက မြစ်ငယ်ဘက်ကနေ အိုးဝေကို ၅ သောင်းကျပ်နဲ့ ငှားပြီး မိခင်ကို လာပစ်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျန်းမာရေးမကောင်းတဲ့ စွန့်ပစ်ခံ ထိုအမျိုးသမီးကို အလင်းစေတမန် ပရဟိတအသင်းက မေတ္တာရိပ် ဘိုးဘွားစောင့်ရှောက်ရေး အသင်းထံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
zawgyi
မႏၲေလးမွာ က်န္းမာေရးမေကာင္းတဲ့ မိခင္ျဖစ္သူကို သမီးျဖစ္သူက သုႆန္မွာ စြန႔္ပစ္
မႏၲေလးတိုင္းေဒသႀကီး ေအးရိပ္ၿငိမ္ သုသာန္မွာ ဇူလိုင္လ ၉ ရက္ေန႔က အေမျဖစ္သူကို သမီးရင္းျဖစ္သူက စြန႔္ပစ္သြားမႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ေအးရိပ္ၿငိမ္သုသာန္မွာရွိတဲ့ ျမန္မာသခ်ႋဳင္းနဲ႔ တ႐ုတ္သခ်ႋဳင္းအၾကားမွာ အေလာင္းေတြ႕ရွိရေၾကာင္း အေၾကာင္းၾကားလာတဲ့အတြက္ အလင္းေစတမန္ပရဟိတအသင္းက သြားေရာက္ခဲ့ရာမွာေတာ့ ေသဆုံးသူ အေလာင္းမဟုတ္ဘဲ အသက္ ၃၉ ႏွစ္ အ႐ြယ္ရွိ က်န္းမာေရး မေကာင္းတဲ့ အမ်ိဳးသမီးတစ္ဦး ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

အလင္းေစတမန္ ပရဟိတအသင္းမွ တာ၀န္ရွိသူတစ္ဦး ေျပာျပခ်က္အရ သမီးျဖစ္သူက ျမစ္ငယ္ဘက္ကေန အိုးေဝကို ၅ ေသာင္းက်ပ္နဲ႔ ငွားၿပီး မိခင္ကို လာပစ္တာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ က်န္းမာေရးမေကာင္းတဲ့ စြန႔္ပစ္ခံ ထိုအမ်ိဳးသမီးကို အလင္းေစတမန္ ပရဟိတအသင္းက ေမတၱာရိပ္ ဘိုးဘြားေစာင့္ေရွာက္ေရး အသင္းထံသို႔ ကူညီပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။