မန္တလေးမြို့ အမရပူရ မောင်ဒိန်းရွှေဆိုင် သိန်း ၁၅၀၀ နီးပါး ဓားပြတိုက်ခံရ
ဇူလိုင် ဆယ့်သုံးရက်နေ့ နံနက် ဆယ့်တစ်နာရီကျော် အချိန်ခန့်က မန္တလေးတိုင်း အမရပူရမြို့နယ် ရန်ကုန် – မန္တလေး လမ်းဟောင်းဘေးရှိ “မောင်ဒိန်းရွှေဆိုင်” ဓားပြတိုက်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဥ်မှာ ဇူလိုင် ဆယ့်သုံးရက် မနက်ပိုင်းမှာ အမျိုးသား ၄ ဦး ရောက်လာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ မှန်ဘောင်ရိုက်ခွဲပြီး ဆိုင်ထဲက ရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဓားပြတိုက်ခံလိုက်ရတဲ့ ပစ္စည်းတွေအနေနဲ့ အလေးချိန် နှစ်ဆယ်ကျပ်သားဝန်းကျင်ရှိတဲ့ ရွှေဆွဲကြိုး လေးဆယ့်တစ်ခု၊ အလေးချိန် နှစ်ဆယ့်လေးကျပ်သား ဝန်းကျင်ရှိတဲ့ ရွှေနားကပ် တစ်ရာသုံးဆယ့်ခွန်နှရံ၊ အလေးချိန် ခွန်နှကျပ်သားရှိတဲ ဟန်းချိန်း နှဆယ့်တစ်ခုနဲ့ တစ်ကျပ်သား ရှိတဲ့ ရွှေကလစ် လေးခု ပါသွားတယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံလိုက်ရတဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ထောင့်ငါးရာလောက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ရွှေဆိုင် ဓားပြတိုက်သွားသူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ လည်း သိရပါတယ်။
လတ်တလောမှာ မန္တလေးတိုင်း ဒေသကြီးအပါအဝင် မြန်မာနိုင်ငံတ၀ှမ်းမှာ ခိုးမှု လုယက်မှုတွေနဲ့ ရွှေဆိုင်တွေ ဓားပြတိုက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Zawgyi
မႏၲေလးၿမိဳ႕ အမရပူရ ေမာင္ဒိန္းေ႐ႊဆိုင္ သိန္း ၁၅၀၀ နီးပါး ဓားျပတိုက္ခံရ
ဇူလိုင္ ဆယ့္သုံးရက္ေန႔ နံနက္ ဆယ့္တစ္နာရီေက်ာ္ အခ်ိန္ခန႔္က မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္ ရန္ကုန္ – မႏၲေလး လမ္းေဟာင္းေဘးရွိ “ေမာင္ဒိန္းေ႐ႊဆိုင္” ဓားျပတိုက္ခံလိုက္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

ျဖစ္စဥ္မွာ ဇူလိုင္ ဆယ့္သုံးရက္ မနက္ပိုင္းမွာ အမ်ိဳးသား ၄ ဦး ေရာက္လာၿပီး ေသနတ္ပစ္ေဖာက္ၿခိမ္းေျခာက္ကာ မွန္ေဘာင္႐ိုက္ခြဲၿပီး ဆိုင္ထဲက ေ႐ႊထည္ပစၥည္းေတြကို လုယက္သြားတာျဖစ္တယ္လို႔ သိရပါတယ္။
ဓားျပတိုက္ခံလိုက္ရတဲ့ ပစၥည္းေတြအေနနဲ႔ အေလးခ်ိန္ ႏွစ္ဆယ္က်ပ္သားဝန္းက်င္ရွိတဲ့ ေ႐ႊဆြဲႀကိဳး ေလးဆယ့္တစ္ခု၊ အေလးခ်ိန္ ႏွစ္ဆယ့္ေလးက်ပ္သား ဝန္းက်င္ရွိတဲ့ ေ႐ႊနားကပ္ တစ္ရာသုံးဆယ့္ခြန္ႏွရံ၊ အေလးခ်ိန္ ခြန္ႏွက်ပ္သားရွိတဲ ဟန္းခ်ိန္း ႏွဆယ့္တစ္ခုနဲ႔ တစ္က်ပ္သား ရွိတဲ့ ေ႐ႊကလစ္ ေလးခု ပါသြားတယ္လို႔ သိရပါတယ္။
ဓားျပတိုက္ခံလိုက္ရတဲ့ ပစၥည္းစုစုေပါင္းတန္ဖိုးမွာ က်ပ္သိန္း ေထာင့္ငါးရာေလာက္ရွိတယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္ထိ ေ႐ႊဆိုင္ ဓားျပတိုက္သြားသူေတြကို ဖမ္းဆီးရမိတာ မရွိေသးဘူးလို႔ လည္း သိရပါတယ္။
လတ္တေလာမွာ မႏၲေလးတိုင္း ေဒသႀကီးအပါအဝင္ ျမန္မာႏိုင္ငံတ၀ွမ္းမွာ ခိုးမႈ လုယက္မႈေတြနဲ႔ ေ႐ႊဆိုင္ေတြ ဓားျပတိုက္ခံရမႈေတြ မၾကာခဏ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။