ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျမှုဖြစ်ပွား
သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မနရွာအနီးမှာရှိတဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက် မြေစာပုံ ပြိုကျပြီး လူဦးရေ ၄၀ နီးပါး ပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာအနီးမှာရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေစာပုံ ပြိုကျခဲ့ပြီး လူဦးရေ ၄၀ နီးပါး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။လက်ရှိမှာ အလောင်း ၂ လောင်းရှာတွေ့ထားပြီး သေဆုံးသူအများအပြားရှိနိုင်တယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။

ဖြစ်စဥ်မှာ ဖားကန့်မြို့ နယ် မနရွာ ကြားမှာရှိတဲ့ တာဝါတိုင်အောက်က နွံကန်ထဲမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပြိုတဲ့ အရှိန်ကြောင့် နွံကန်ကအပေါ်ကိုမြောက်တက်သွားခဲ့ရာကနေတဘက်ကမ်းမှာရှိတဲ့ ကျောက်ရှာနေတဲ့သူတွေကို ရေကဆွဲခေါ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

နွံကန် ရေပင့်ပြီးလူတွေကို ဆွဲခေါ်သွားတာဖြစ်ပြီးသေဆုံးသူအရေအတွက်များနိုင်ပြီး လက်ရှိမှာ သေဆုံးသူအရေအတွက်ကို အတိအကျမသိနိုင်သေဘူးလို့ သိရပါတယ်။