ဓားပြတိုက် Tatဖြတ်ခံလိုက်ရသော ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူရဲ့ နာရေးအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်း မုံရွာတွင် ဓားပြတိုက်သူများ၏ Tat ဖြတ်မှု ခံလိုက်ရသော ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူရဲ့ နာရေးအခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ် ၃နာရီခန့်က မုံရွာမြို့နယ်၊ ထန်းတော အင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် ဓါးပြတိုက်မှုဖြစ်စဉ် အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူ Tay ဆုံးခဲ့တာပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူ ရဲ့ နာရေးကို ယနေ့ ဩဂုတ်လ ၁၂ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့မ သုဿာန်သို့ ပို့ဆောင် သဂြိုလ်ခဲ့တာဖြစ်ပါတယ်။
