စိန်ဝယ်မယ်ဆို ဂျင်းစိန်မဖြစ်စေဖို့ မဖြစ်မနေ သိထားရမယ့်အချက်များ

စိန်ဝယ်မယ်ဆို ဂျင်းစိန်မဖြစ်စေဖို့ မဖြစ်မနေ သိထားရမယ့်အချက်များ

စိန်ဆိုင်မှာ စိန်မဝယ်ခင် တွင်းထွက်စိန်လား…. ?lab-grown လားလို့ မေးမိမယ်ဆိုရင်..
စိန်ဝတ်ဖူးလားဆိုတဲ့ အကြည့်တွေနဲ့ ကြည့်ခံရတော့မယ့် သဘောရှိတယ်။

စိန်ဖြစ်ဖို့ အရင်က နှစ်သန်းပေါင်း/ဘီလျှံပေါင်း များစွာမြေကြီးထဲ ကြာခဲ့ ရပေမယ့် …..
အခုနောက်ပိုင်းက တူညီတဲ့ ကာဘွန်၊ ဖိအား၊ အပူချိန်ပေးရင် 1 carat ရဖို့ lab ထဲမှာ ၁၀ရက်ပဲကြာတယ်။

စိန် 3 carat ဆို တစ်ပတ်ထဲနဲ့ lab ထဲက ထွက်လာတယ်။ တွင်းထွက်နဲ့ ခွဲမရအောင် တူ တဲ့အပြင် တွင်းထွက်ကမှ သူ့သဘာဝအရ impurities = အနာအဆာ ပါကောင်းပါနိုင်သေးတယ်။ လူလုပ်စိန်တွေက တဖျတ်ဖျတ် အနာမဲ့ လက်နေတာ။

ကမ္ဘာပေါ်မှာ lab-grown or man-made စိန်အများဆုံးထုတ်တဲ့တိုင်းပြည်က တရုတ် (56% manufacturing share) တရုတ်ပြီးတော့ အိန္ဒိယ (15%) တတိယက အမေရိကန် (13%)

အိန္ဒိယမှာ လူလုပ်စိန် production က ဘယ်လောက်ကြီးလဲဆိုရင် အလုပ်သမားဦးရေ
လေးသိန်း ရှိတယ်။ သူတို့လုပ်ငန်းတက်လာတာ စိန်၂၇ကာရက်အထိ ထုတ်လာနိုင်တယ်ဆိုတယ်။

သူတို့ရဲ့ target က ယူအက်စ်နဲ့ ဒူဘိုင်းဖြစ်ပြီးစိန် တကာရက်ကို ဒေါ်လာသုံးရာထဲနဲ့ တင်ပို့ဖို့ ဖြစ်တယ်တဲ့။

လူလုပ်စိန် ထုတ်သူတွေထဲ အယုံကြည်ရဆုံး Manufacturers တွေကတော့ Vibranium, James Allen, Blue Nile, Clean Origin နဲ့ Vrai စသည်တို့ ဖြစ်ပါသည်တဲ့။

နောက်ပိုင်းမှာ ပန်ဒိုရာ တို့ Tiffany & Co တို့လို ရတနာဆိုင်ကြီးတွေမှာ တွင်းထွက်စိန်တွေ မရောင်းတော့ဘူး၊ lab-grown တွေပဲ ရောင်းတော့မယ်လို့ ဆိုတယ်။

သူတို့ ကောင်တာနောက်မှာတွင်းထွက်က ကောင်တာသပ်သပ်၊ လူလုပ်စိန်တွေကကောင်တာ သပ်သပ် ထားထားတာ တွေ့ခဲ့ရတယ်။စျေးချင်းကလည်း ကွာတယ်။၂၀% ကနေ 40% အထိ ကွာတယ်။

တွင်းထွက်စိန်ကို ယှဥ်မရတာကလည်းလူလုပ်စိန်တွေဟာ အချိန်ကြာလေ တန်ဘိုးကျလေလို့ ဆိုကြတယ်။ အချိန်တစ်ခုကြာသွားရင် ဝယ်တုန်းကထက် သုံးဆ စျေး လျော့ကျသွားတယ် ဆိုတယ်။

ဆိုင်တွေက ပြန်ဝယ်ချင်မှလည်း ဝယ်မှာဖြစ်သလို၊လူလုပ်စိန်တွေဟာ mass production
ပေါချင်းသောချင်း ဖြစ်လို့ တွင်းထွက်စိန်တစ်ပွင့်ချင်းစီနဲ့ ဘယ်လိုမှ မယှဥ်နိုင်တဲ့ သဘောရှိတယ်လို့ ဆိုတယ်။

(လူတွေက LGD ခေါ် lab- grown diamond ကို ထုတ်ဖို့ကြိုးစားတာ ၁၇၉၇ ခုနှစ်ထဲက။ ၁၉၅၄ ရောက်မှ Howard Tracy Hall နဲ့ Herbert Strong ဆိုတဲ့ သိပ္ပံပညာရှင်နှစ်ယောက်က ထုတ်လို့ရသွားတာ၊

၁၉၇၁ မှာ လက်ဝတ်ရတနာ
အဆင့်ကို ရောက်လာတယ်၊ ၁၉၈၀ မှာ စေ့စပ်လက်စွပ်တွေမှာ လူလုပ် စိန်တွေ စသုံးလာတယ် ဆိုပါတယ်…

၂၀၁၈ မှာ Federal Trade Commission (FTC)က တွင်းထွက်စိန်ကော LGD စိန် နှစ်မျိုးလုံးကိုစိန်အစစ်တွေလို့ ‘real’ လို့ သတ်မှတ်လိုက်တယ်၊ နောက်ပိုင်း တွင်းထွက်စိန်တွေကို ရောင်းတန်းတောင် မတင်တော့မယ့်သဘောလည်း စိန်လောက က ပြောလာကြပါတယ် )

အဲဒီတော့ တွင်းထွက်စိန်ကြိုက်သူတွေ အနေနဲ့ မိဘ ဘိုးဘွားတွေဆီက လက်ဆင့်ကမ်းလာတဲ့ စိန်ဘီးတို့ စိန်ဆံထိုးတို့ စိန်လက်ကောက်တို့ ရှိရင် တွင်းထွက်လား lab grown ဆိုတာလားကို scientist တွေနဲ့ပြ၊ appraisal ယူ၊ လက်မှတ်နဲ့အတူ သေသေ ချာချာလေးသာ သိမ်းထားကြပေတော့ရယ်…

အိမ့် ချမ်းမြေ့