ဂင်းနစ်စံချိန် တင်ပြီးနောက် ပေါင် (၅) သန်းကျော်တန် ဇိမ်ခံရွက်လှေပေါ်တွင် မိသားစုနှင့်အတူ အပန်းဖြေနေသည့် ရော်နယ်ဒို
ပေါ်တူဂီနိုင်ငံအသင်းအတွက် နိုင်ငံတကာပွဲစဥ် (၂၀၀) ပြည့် စံချိန်တင် ကစားခဲ့ပြီးနောက် ကမ္ဘာကျော် ဘောလုံးကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက မိသားစုနှင့်အတူ ၎င်း၏ ပေါင် (၅.၅) သန်းတန် ဇိမ်ခံရွက်လှေပေါ်တွင် အောင်ပွဲခံရင်း အပန်းဖြေခဲ့သည်။

ရော်နယ်ဒိုက ၎င်း၏ ကလေး (၄) ဦးနှင့် လက်တွဲဖော် စပိန်မော်ဒယ် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့နှင့်အတူ ရွက်လှေပေါ်တွင် ရိုက်ကူးထားသည့် မိသားစုဓာတ်ပုံကို အင်စတာဂရမ်တွင် မျှဝေထားသည်။
ဇိမ်ခံ သင်္ဘောအခန်း (၅) ခန်း၊ ရေချိုးခန်း (၆) ခန်းနှင့် ခေတ်မီ မီးဖိုးချောင်တစ်ခု ပါဝင်ပြီး အရှည် (၈၈) ပေရှိသော ပေါင် (၅.၅) သန်းတန် Azimut Grande ရွက်လှေကို ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ၂၀၂၀ ခုနှစ်တွင် ဝယ်ယူခဲ့သည်ဟု ယူဆရသည်။

ဇွန်လ (၂၁) ရက်နေ့က ပေါ်တူဂီနှင့် အိုက်စလန်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့သည့် ယူရိုခြေစစ်ပွဲတွင် ရော်နယ်ဒိုက ပွဲကစားချိန် (၈၉) မိနစ်၌ အနိုင်ဂိုးသွင်းယူခဲ့ပြီး ပေါ်တူဂီအတွက် နိုင်ငံတကာပွဲစဥ် (၂၀၀) ပြည့်ခဲ့သည့် ပထမဆုံး အမျိုးသား ဘောလုံးကစားသမား အဖြစ်လည်း စံချိန်တင်ခဲ့သည်။
လက်ရှိတွင် ရော်နယ်ဒိုက ပေါ်တူဂီအသင်းနှင့်အတူ ယူရိုခြေစစ်ပွဲ (၄) ပွဲ ကစားခဲ့ပြီး (၅) ဂိုးသွင်းယူထားသည်။

အသက် (၃၈) နှစ်အရွယ် ရော်နယ်ဒိုမှာ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် အင်္ဂလန်ထိပ်သီး ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာခဲ့ပြီး ဆော်ဒီကလပ်အသင်း Al-Nassr သို့ ပြောင်းရွှေ့ကစားခဲ့သော်လည်း ပေါ်တူဂီနိုင်ငံအသင်းအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။
“ကျွန်တော့်အတွက် မယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ။ အံ့ဩစရာကြီးပါ။ ပွဲ (၂၀၀) ပြည့်သွားလို့ အရမ်းပျော်ပါတယ်။ ပြီးတော့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာက ပိုပြီးတော့တောင် ထူးခြားပါတယ်” ဟု ရော်နယ်ဒိုက ပြောသည်။

အိုက်စလန်နှင့် ပွဲစဥ် မစတင်မီ ပေါ်တူဂီသမိုင်းတစ်လျှောက် နိုင်ငံအသင်းအတွက် နိုင်ငံတကာပွဲစဥ် (၂၀၀) ပြည့်မြောက်ခဲ့သည့် ပထမဆုံး အမျိုးသား ဘောလုံးကစားသမားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် Guinness World Record ကို ရော်နယ်ဒိုက လက်ခံရရှိခဲ့သည်။
အိုက်စလန်နှင့် ပွဲစဥ်တွင် သွင်းယူခဲ့သည့်ဂိုးမှာ ရော်နယ်ဒိုအတွက် (၁၂၃) ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးလည်း ဖြစ်လာခဲ့သည်။

ကမ္ဘာကျော် ဘောလုံးကစားသမား ရော်နယ်ဒိုကို ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ၂၀၂၃ ခုနှစ် မေလဆန်းတွင် Forbes မဂ္ဂဇင်းက သတ်မှတ်ဖော်ပြခဲ့ပြီး တစ်နှစ်စာ ဝင်ငွေမှာ ပေါင် (၁၀၉) သန်းဖြစ်ကြောင်း သိရသည်။
ခရစ်ဒစ်
Zawgyi
ဂင်းနစ်စံချိန် တင်ပြီးနောက် ပေါင် (၅) သန်းကျော်တန် ဇိမ်ခံရွက်လှေပေါ်တွင် မိသားစုနှင့်အတူ အပန်းဖြေနေသည့် ရော်နယ်ဒို
ပေါ်တူဂီနိုင်ငံအသင်းအတွက် နိုင်ငံတကာပွဲစဉ် (၂၀၀) ပြည့် စံချိန်တင် ကစားခဲ့ပြီးနောက် ကမ္ဘာကျော် ဘောလုံးကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက မိသားစုနှင့်အတူ ၎င်း၏ ပေါင် (၅.၅) သန်းတန် ဇိမ်ခံရွက်လှေပေါ်တွင် အောင်ပွဲခံရင်း အပန်းဖြေခဲ့သည်။

ရော်နယ်ဒိုက ၎င်း၏ ကလေး (၄) ဦးနှင့် လက်တွဲဖော် စပိန်မော်ဒယ် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့နှင့်အတူ ရွက်လှေပေါ်တွင် ရိုက်ကူးထားသည့် မိသားစုဓာတ်ပုံကို အင်စတာဂရမ်တွင် မျှဝေထားသည်။
ဇိမ်ခံ သင်္ဘောအခန်း (၅) ခန်း၊ ရေချိုးခန်း (၆) ခန်းနှင့် ခေတ်မီ မီးဖိုးချောင်တစ်ခု ပါဝင်ပြီး အရှည် (၈၈) ပေရှိသော ပေါင် (၅.၅) သန်းတန် Azimut Grande ရွက်လှေကို ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ၂၀၂၀ ခုနှစ်တွင် ဝယ်ယူခဲ့သည်ဟု ယူဆရသည်။
ဇွန်လ (၂၁) ရက်နေ့က ပေါ်တူဂီနှင့် အိုက်စလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုခြေစစ်ပွဲတွင် ရော်နယ်ဒိုက ပွဲကစားချိန် (၈၉) မိနစ်၌ အနိုင်ဂိုးသွင်းယူခဲ့ပြီး ပေါ်တူဂီအတွက် နိုင်ငံတကာပွဲစဉ် (၂၀၀) ပြည့်ခဲ့သည့် ပထမဆုံး အမျိုးသား ဘောလုံးကစားသမား အဖြစ်လည်း စံချိန်တင်ခဲ့သည်။

လက်ရှိတွင် ရော်နယ်ဒိုက ပေါ်တူဂီအသင်းနှင့်အတူ ယူရိုခြေစစ်ပွဲ (၄) ပွဲ ကစားခဲ့ပြီး (၅) ဂိုးသွင်းယူထားသည်။
အသက် (၃၈) နှစ်အရွယ် ရော်နယ်ဒိုမှာ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် အင်္ဂလန်ထိပ်သီး ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာခဲ့ပြီး ဆော်ဒီကလပ်အသင်း Al-Nassr သို့ ပြောင်းရွှေ့ကစားခဲ့သော်လည်း ပေါ်တူဂီနိုင်ငံအသင်းအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။
“ကျွန်တော့်အတွက် မယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ။ အံ့ဩစရာကြီးပါ။ ပွဲ (၂၀၀) ပြည့်သွားလို့ အရမ်းပျော်ပါတယ်။ ပြီးတော့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာက ပိုပြီးတော့တောင် ထူးခြားပါတယ်” ဟု ရော်နယ်ဒိုက ပြောသည်။

အိုက်စလန်နှင့် ပွဲစဉ် မစတင်မီ ပေါ်တူဂီသမိုင်းတစ်လျှောက် နိုင်ငံအသင်းအတွက် နိုင်ငံတကာပွဲစဉ် (၂၀၀) ပြည့်မြောက်ခဲ့သည့် ပထမဆုံး အမျိုးသား ဘောလုံးကစားသမားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် Guinness World Record ကို ရော်နယ်ဒိုက လက်ခံရရှိခဲ့သည်။
အိုက်စလန်နှင့် ပွဲစဉ်တွင် သွင်းယူခဲ့သည့်ဂိုးမှာ ရော်နယ်ဒိုအတွက် (၁၂၃) ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးလည်း ဖြစ်လာခဲ့သည်။
ကမ္ဘာကျော် ဘောလုံးကစားသမား ရော်နယ်ဒိုကို ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ၂၀၂၃ ခုနှစ် မေလဆန်းတွင် Forbes မဂ္ဂဇင်းက သတ်မှတ်ဖော်ပြခဲ့ပြီး တစ်နှစ်စာ ဝင်ငွေမှာ ပေါင် (၁၀၉) သန်းဖြစ်ကြောင်း သိရသည်။
ခရစ္ဒစ္