ကလေးငယ်တွေနဲ့ စက်လှေခါး စီးတဲ့အခါ အထူးသတိထားကြဖို့လို

ကလေးငယ်တွေနဲ့ စက်လှေခါး စီးတဲ့အခါ အထူးသတိထားကြဖို့လို

ထိုင်းနိုင်ငံရှိ shopping center တခုမှာ မိဘတွေနဲ့အတူ ကလေးငယ်တစ်ဦးဟာ စက်လှေကားစီးရင်းခြေဖဝါးကို စက်လှေခါးညပ်မိပြီး ၁၁ ချက် ချုပ်လိုက်ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ကလေးငယ်ဟာ မိဘများနှင့်အတူ စက်လှေခါး အစွန်ဘက်ကပ်ပြီး လိုက်ပါရာက ခြေဖဝါးကို စက်လှေခါးညပ်မိ၍ ၁၁ ချက် ချုပ်လိုက်ရသည်ဟု Social Hunter ပေ့ချ်က ယနေ့ မနက်တွင် ဖော်ပြထားပါတယ်။

အဆိုပါ ပို့စ်နှင့်ပတ်သက်ပြီး “ကလေးလေးကို သနားပါတယ်၊ ကလေးတွေကို အပြင်ခေါ်သွားတဲ့အခါ မိဘတွေ အထူးသတိထားဖို့လိုပါတယ်” ဆိုပြီး မန့်ထားကြသည်ကို တွေ့ရသည်။

ဒါကြောင့် ကလေးငယ်တွေနဲ့ စက်လှေးကားစီးတဲ့အခါ ဘေးဘက်ဘောင်ဘက်မှာ စီးတာမျိုးမဟုတ်ပဲ အဝါမျဥ်းအတွင်း မှာထားပြီး သတိထားစီးကြဖို့ အကြံပြုလိုက်ရပါတယ်။