
တက်မြဲတက်တုန်း တက်နေဆဲဖြစ်သည့် လက်ရှိဖြစ်ပေါ်နေသောကုန်စျေးနှုန်းများ
တက်မြဲတက်တုန်း တက်နေဆဲဖြစ်သည့် လက်ရှိဖြစ်ပေါ်နေသောကုန်စျေးနှုန်းများ အခုနှစ်ဇန်နဝါရီလပိုင်းကစလို့ အထွေထွေကုန်စျေးနှုန်းတွေဟာပြန်လည်တက်ရိပ်ပြလာခဲ့ပြီးဖေဖော်ဝါရီ ၁ ရက်မှာတော့စားအုန်းဆီတစ်ပိဿာ ၆၈၀၀ ကျပ်နဲ့ ပဲရောဆီတစ်ပိဿာဆိုပါက ၇၄၀၀ ကျပ်အထိပေါက်စျေးရှိနေတယ်လို့အခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှစုံစမ်းသိရှိရပါတယ်။ “ဒီလပိုင်းတွေမှာကုန်စျေးနှုန်းတွေကပြန်တက်လာတယ်။မနက်ကစျေးသွားတာအရင်ကစားဆီဆို ၆၃၀၀ လောက်ပေးဝယ်ရတယ်။အခုတစ်ပိဿာကို ၆၈၀၀ ပြန်ဖြစ်သွားတယ်၊ပဲရောဆီဆိုသူ့စျေးက ၇၀၀၀ကျော်ဖြစ်သွားတယ်၊ကြက်သွန်၊အချိုမှုန့်၊အသီးအရွက်သားငါးစျေးတွေလည်းတက်တယ်၊ခရမ်းချည်းသီးဆို ၅၀၀ ဖိုးသုံးလေးလုံးပဲရတယ်။ အထွေထွေသုံးကုန်ပစ္စည်းစျေးတွေလည်းတက်တယ်၊ကိုယ်တိုက်ဆပ်ပြာမွှေးအသေးတစ်တုံးတောင် ၉၀၀ ဖြစ်နေတယ်၊အိန္ဒိယဘက်ကလာတဲ့ဆေးဆပ်ပြာဆို ၁၃၀၀ လောက်စျေးဖြစ်နေတယ်၊ဟိုနေ့ကဆိုဘောပင်တစ်ချောင်းဝယ်တာရိုးရိုးဘောပင်တောင်တစ်ချောင်း ၇၀၀ ပေးဝယ်ခဲ့ရတယ်၊ ကုန်စျေးနှုန်းကပြောရရင်အခုနှစ်ဆလောက်တက်လာတယ်”လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးကပြောပြခဲ့ပါတယ်။လက်ရှိအခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှာဆန်တစ်ပြည်စျေးနှုန်းကအနိမ့်ဆုံးစျေးကျပ် …
တက်မြဲတက်တုန်း တက်နေဆဲဖြစ်သည့် လက်ရှိဖြစ်ပေါ်နေသောကုန်စျေးနှုန်းများ Read More